အပိုင်း - ၃၇
{ ဧရာမကြွက်ကြီးတစ်ကောင်အား
ဖမ်းဆီးခြင်း }ဝါကျင့်ကျင့်စာအိတ်များထဲတွင် စာရွက်အထပ်လိုက်ကြီး ရှိနေသည်။ ၎င်းမှာ လီယန်နျဲန်၏ မျိုးရိုးနောက်ကြောင်း၊ ဆွေမျိုးသားချင်းနှင့် လေးဆယ့်သုံးနှစ်တာကာလတစ်လျှောက်လုံး လုပ်ခဲ့သမျှအရာများအား စာရင်းပြုစုထား၏။ အရေးပါသည့်အလျောက် အစဥ်လိုက်စီထားခြင်းမရှိဘဲ သေးငယ်သောစာလုံးများဖြင့်သာ အကြောင်းအရာမျိုးစုံ ရေးသားထားသည်။ လီယန်နျဲန်က စာကြောင်းဆယ်ကြောင်းမျှ အမြန်ဖတ်လိုက်သည်၊ ထို့နောက် ထိုစာများကို ဖတ်ကြည့်လေလေ ပိုပြီးကြောက်လန့်လာလေလေဖြစ်ကာ အဆုံးသတ်သို့ရောက်သွားသည်နှင့် သူ့လက်နှစ်ဖက်စလုံးမှာ မထိန်းနိုင်လောက်အောင် တုန်ယင်နေပြီဖြစ်သည်။
သူဖြတ်သန်းလာခဲ့သော ဘဝတစ်လျှောက်လုံးအား မျက်လုံးအိမ်ပေါင်းများစွာဖြင့် အနီးကပ်စောင့်ကြည့်ခံခဲ့ရသည့်အလား ခံစားသွားရလေရာ သူ့ကျောရိုးတစ်လျှောက်လုံး အေးစိမ့်သွားခဲ့သည်။ ကျင်ချီးက သေရည်ခွက်ကို ဖြည်းညှင်းစွာ ချလိုက်၏။
"ခင်ဗျားအတော်ကံကောင်းတာပဲ၊ လူကြီးမင်းလီ။ ဇနီးဖြစ်တဲ့လူနဲ့ နင့်နင့်သည်းသည်း ချစ်ကျွမ်းဝင်ရတာ တော်တော်ကံကောင်းတယ်။ ရာထူးခန့်အပ်ခံရတဲ့ မင်းမှုထမ်းအရာရှိတစ်ယောက်မို့ အိမ်မှာ အစေခံမိန်းမပျိုလေးတွေ ဒီလောက်များတာတောင်၊ မီးဖိုစောင့်နတ်မင်းကို ပူဇော်တဲ့နေ့မှာ ဝန်မင်းကတော်ကို်ယ်တိုင်ချက်ပေးတဲ့ အချိုပွဲကိုပဲ သုံးဆောင်ခဲ့တယ်။ တကယ်ကိုပဲ အားကျစရာ ကောင်းလှပါပေတယ်"
နှစ်သစ်ကူးပွဲအသေးစားလေး....မနေ့ညတုန်းကအကြောင်း ဖြစ်ရမည်။
ကျင်ချီးက ရင်ထဲတွင် ခံစားချက်များစွာ ပွေ့ပိုက်ကာ သက်ပြင်းချလိုက်သည်။
"ခင်ဗျားတို့နှစ်ယောက် စာအုပ်သွားယူတုန်းက လက်ဖက်ရည်တွေ ဖိတ်စင်သွားခဲ့တယ်။ ခင်ဗျားရဲ့ဇနီးက ခင်ဗျားအတွက် လက်ဖက်ရည်ဗန်းကို သူ့မျက်ခုံးအထိ ပင့်မဆက်သလာတယ် ။ ဒီနှစ်ခုလုံးက သာမန်အသေးအမွှားကိစ္စလေးတွေပဲဆိုပေမယ့် ကျွန်တော်တို့ဘဝရဲ့အရေးကြီးတဲ့အရာဆိုတာကရော ဘာများလဲ။ ခါးသက်ကြမ်းတမ်းတဲ့ လေပြင်းမုန်တိုင်းတွေ လောကဓံတွေကြား ကိုယ့်လမ်းကိုယ်ဖောက်ပြီး လျှောက်နေရာကနေ အိမ်ကိုပြန်လာတဲ့အခါ ပုန်းခိုမှီတွယ်စရာ ဒီလိုနေရာမျိုးရှိတာ၊ မီးအိမ်လေးထွန်းညှိပြီး ခင်ဗျားကို စောင့်မျှော်နေတဲ့ ဒီလိုဇနီးလေးရှိတာဟာ.... ဘယ်လောက်တောင် အဓိပ္ပာယ်ပြည့်ဝလိုက်သလဲ။ ဟုတ်တယ်မလား... လူကြီးမင်းလီ? "
YOU ARE READING
အရှင်ခုနစ် [ Completed ]
Historical Fictionချစ်ခြင်းတစ်ခုကြောင့် ခုနစ်ဘဝခုနစ်လီ ကျင်လည်ခဲ့အပြီး နောက်ဆုံးခုနစ်ဘဝမြောက်မှာ ပထမမြောက်ဘဝကို ပြန်ရောက်လာတဲ့ ကျင်ပေယွမ်းဟာ အရင်ဘဝရဲ့ လမ်းဟောင်းအတိုင်းမဟုတ်ဘဲ ရွေးချယ်မှုအသစ်တွေ ပြုလုပ်ခဲ့တယ်။ ဒီရွေးချယ်မှုအသစ်တွေက သူ့ကို အသေဆိုးနဲ့ စောစောစီးစီး မသေရ...