Part-38🌸

1.4K 127 12
                                    

Unicode;;;;

သူကြီးသား အောင်ဆာရဲ့  အသုဘ ရက်လည်ကနေ ပြန်လာသော ဆရာဟေစွမ်းသည် စာကြည့်တိုက်နား ကုတ်ချောင်းကုတ်ချောင်းလုပ်နေသော ခြူးကိုမြင်လေသည်။ သူကြီးသားသည် ဆရာပျောက်တဲ့နေ့တုန်းက လိုက်လံရှာဖွေရင်း ပိုးထိ၍ ဆုံးသွားရသည်။ အဲ့အတွက် ဆရာဟေစွမ်းမှာ များစွာစိတ်မကောင်းဖြစ်ရသည်။

အမေဖြစ်သူဆို အရူးမီးဝိုင်း။ သူကြီးသည်လည်း စကားတစ်ခွန်းမဆို ။ ဆရာ့ကိုလည်း အမြင်မကြည်တော့သလိုပင်။
ဆရာသည်လည်း သူ့ကိုရှာရင်းဖြစ်သွားတာဆိုတော့ သူ့အပြစ်မကင်းသလိုပင်။

"ခြူး...."

"ရှူးးးးကိုဟေစွမ်း တိုးတိုး...."

"ဘာလို့လဲ...."

စာကြည့်တိုက်ထဲမှ ငြင်းသံခုံသံများကိုကြားနေရသည်။ အချို့စကားလုံးများသည် ဆရာ့ကိုရည်ညွှန်းနေလေသည်။
ဆရာသည်လည်း ခြူးအနောက်မှာနေ၍ တိတ်တိတ်လေး ချောင်းကာ နားထောင်နေလိုက်သည်။

မြ၏ စကားများထဲတွင် ယောင်္ကျားပီသခြင်း ၊ မပီသခြင်းသည် သူ၏လိင်စိတ်တိမ်းညွှတ် ရွေးချယ်နှစ်သက်သဘောကျသည့် လိင်နှင့် နည်းနည်းမှမသက်ဆိုင်ကြောင်းများကိုကြားနေရ၏။ လူတစ်ယောက်၏ လုပ်ရပ်သည်သာသူ့အဆင့်အတန်းကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း မြသည် တစ်ဖွဖွပြောနေသည်။

--------*****--------

"မြမိုးစက်....နင်ဒီကိစ္စကို မခံမရပ်နိုင်ဖြစ်နေတယ်ဆိုလည်း ဒဲ့ပြောစမ်းပါ....ဘာမဆိုင်တဲ့ ငါ့အတိတ်တွေကိုဆွဲထည့်မနေနဲ့...."

"ဘာမှားလို့လဲ...မဟုတ်တာပြောနေတာမှ မဟုတ်ဘဲ...."

စာအုပ်စင်ပေါ်က စာအုပ်တစ်အုပ်ကို လှမ်းယူဖတ်ရင်း မြသည် ခပ်အေးအေးလေးပြောသည်။ ဒေါသထွက်တတ်သည့်ပုံစံမှ သူ့ပုံစံမှမဟုတ်ဘဲ။ စာအုပ်ကိုဖတ်ရင်း ဒေါသများကိုမျိုသိပ်လိုက်သည်။

"အဲ့လိုကောင် အတွက် ငါ့ကိုနှစ်ပြားမတန်အောင်ပြောတဲ့အတွက်နောင်တရစေရမယ်....ငါကမင်းထင်ထားတာထက် ပိုအဆိပ်ပြင်းတယ် မြ...."

"ကျမသိပါတယ် ရှင်နဲ့အတူနေရတဲ့သူက မြွေပွေးခါးပိုက် ပိုက်ထားသလိုဘဲလေ..."

ရှမ်းတောင်တန်းကိုသက်သေတည်(ရွမ်းေတာင်တန်းကိုသက်သေတည်)-CompleteWhere stories live. Discover now