💮1💮

1.6K 76 24
                                    

ᏰᎽᏬᏝ

💮ᏢᎯᏒᎿ 1💮

ဆာကူရာပန်းလေးတွေ ပွင့်နေပြီရိပေါ်...နှင်းပေါက်နှင်းစက်တွေကြားမှာ နူးညံ့လှတဲ့ ဆာကူရာလေးတွေ ပွင့်လန်းနေခဲ့ပြီ...ဆာကူရာပွင့်ဖတ်လေးတွေကို မြင်လိုက်တိုင်း မင်းကိုသတိရမိတဲ့စိတ်ကို အခုထိမေ့မရပါလား...

💮💮💮

"မသွားနိုင်ပါဘူး ခမည်းတော်...အိမ်ရှေ့စံတစ်ယောက်လုံးရှိနေတာကို ဘာ့ကြောင့်ကျွန်တော့်ကို ပညာသင်စေလွှတ်ရတာလဲ..."

"ငါ့ကိုဘာကိစ္စကိုမှ ထပ်ပြီးအထွန့်တက်ခွင့်မရှိဘူးရိပေါ်! သွားဆိုရင်သွားလိုက်!"

"အဲ့လိုဆို အကြောင်းပြချက်ပေးပါ"

"မင်းအဲ့လောက်သိချင်နေရင်လည်း ပြောပြလိုက်မယ် မင်းအရောတဝင်နေနေတဲ့ အနိမ့်စားလူသားကြောင့်ပဲ!

မင်းကဒီနိုင်ငံရဲ့ ဒုတိယမင်းသား! သူ့လိုနန်းပြင်ကလူနဲ့ ပတ်သက်စရာဘာအကြောင်းမှမရှိဘူး!"

"ဘာကိုကြည့်ပြီး နိမ့်ကျတယ် ပြောရတာပါလဲ? ကျန့်ကောက ရှောင်းအိမ်တော်ကသားတစ်ယောက်ပါ...

ပညာတတ်လူတန်းစားတစ်ဉီးက ကျွန်တော်တို့ထက် ဘာများနိမ့်ကျသွားတာပါလဲ?"

"ငါ့ကိုမေးခွန်းပြန်မထုတ်နဲ့ရိပေါ်! အစကတည်းက သူ့ကိုနန်းတွင်းကို ခေါ်မသွင်းခဲ့သင့်ဘူး မင်းအနားမှာ ထားမပေးခဲ့သင့်ဘူး...

အဲ့လိုဆို မင်းလည်းသူ့အပေါ် အခုလိုခံစားချက်တွေ ဖြစ်ပေါ်လာမှာ မဟုတ်ဘူး"

"သိနေရက်နဲ့ ဘာလို့ကျွန်တော်တို့ကို ခွဲချင်ရတာလဲ? ကျန့်ကောကို ကျွန်တော်ချစ်တယ်...တစ်ဘဝစာရည်ရွယ်ထားတဲ့အထိ မြတ်နိုးခြင်းနဲ့ ချစ်ခဲ့တာ..."

"တိတ်စမ်း! မင်းအတော်လေး အတင့်ရဲနေလား ဟမ်? ငါပြောတာကို မင်းအာခံရဲလား?"

"ကျန့်ကောနဲ့သာ အတူရှိနေနိုင်မယ်ဆို ကျွန်တော့်ကိုယ်ပေါ်က အဆောင်အယောင်တွေကို ခဝါချခဲ့နိုင်တယ် ခမည်းတော်"

"ဒါက ငါကျွေးမွေးထားခဲ့တဲ့ ငါ့ရဲ့သွေးသားတဲ့လား! အဖေဖြစ်သူရဲ့ ကျေးဇူးကို မင်းဒီလိုပုံစံနဲ့ ပြန်ပြီးကျေးဆွတ်လိုက်တာလားရိပေါ်!

ᏰᎽᏬᏝWhere stories live. Discover now