အပိုင်း - ၃၈ { မက်မွန်သီးပစ်ပေးပြီး ဇီးသီးပြန်ရလာခဲ့ခြင်း }

3.7K 884 397
                                    

အပိုင်း - ၃၈

{ မက်မွန်သီးပစ်ပေးပြီး
ဇီးသီးပြန်ရလာခဲ့ခြင်း }

နှစ်တစ်နှစ် ကုန်ဆုံးပြီးသွားတိုင်း ဝမ့်ယွဲ့မြစ်ကမ်းပေါ်ရှိလူများမှာ အသစ်ပြောင်းလဲသွားကြသည်။ သို့သော် ရှုခင်းအသွယ်သွယ်တို့ကမူ ပြောင်းလဲမသွားခဲ့ပါပေ။ နွေဦးလေပြေက ဆယ်လီမျှရှည်လျားသော မြစ်ကမ်းပါးအား တိုက်ခတ်သွားကာ လူအများအား ခြေလှမ်းကိုးလှမ်း ဆုတ်သွားစေပြီး သမင်လည်ပြန်သုံးခါစာ ဝေးကွာခွဲခွာစေခဲ့သည်။

သွေးနီရောင်အရိပ်များမှာ ပြာလဲ့လဲ့အရောင်များအဖြစ် ပြောင်းလဲသွားခဲ့၏။

မြစ်ရေပြင်ပေါ်ရှိ သီချင်းသံစဥ်များကို လွမ်းဆွတ်လှသည်။ ရှန့်ယွင်ပွဲတော်ညကိုလည်း လွမ်းဆွတ်လှသည်။ နန်းမြို့တော်မုခ်တံခါးအား အဝေးမှ လှမ်းမြင်လိုက်ရသောအခါ ကျင်ချီး၏ရင်ထဲတွင် လွမ်းမောရည်မျှော်ခြင်းများ အဆက်မပြတ် လှိုက်တက်မွန်းကျပ်လာခဲ့သည်။

သီးခြားဆန်ကာ အပူအပင်ကင်းလှသော မင်းသားစံအိမ်တော်ကိုလည်း လွမ်းလှ၏။ မြည်တွန်တောက်တီးတတ်သော ဖင်အန်းကိုလည်း လွမ်း၏။ အိမ်နီးနားချင်း မိစ္ဆာကောင်ဆိုးလေး ဝူးရှီးကိုပါ လွမ်းနေမိသည်။

ကျင်ချီးမှာ မရယ်မိဘဲ မနေနိုင်တော့။ ထို့နောက် ဘေးနားတွင် ခစားနေသည့် ကျီရှန်အား မေးကြည့်လိုက်သည်။

" အိမ်မှာကျန်နေခဲ့တဲ့ ငါ့အပေါ်မသိတတ်တဲ့ အဲ့​ကတိုးကောင်လေးက ငါ့ကိုမှတ်မိနေဦးမယ်လို့ မင်းထင်လား"

ကျီရှန်က အမြန်ပင် မျက်နှာချိုသွေးကာ ပြောဆိုလာသည်။

"အရှင့်သားတော့ အခြေအမြစ်မရှိတာတွေ မိန့်နေပါပြီဘုရား။ အဲ့အကောင်လေးက အရှင့်သားဘေးနားမှာပဲ တစ်ချိန်လုံးရှိနေခဲ့တာလေ၊ တခြားဘယ်သူ့ကိုမှ အနားကပ်ခွင့်မပြုခဲ့ဘူး။ ဘယ်လိုလုပ်ပြီး အရှင့်သားကို မမှတ်မိဘဲ နေရမှာလဲဘုရား"

အရှင်ခုနစ် [ Completed ]Where stories live. Discover now