Ep - 15

97 18 17
                                    

Episode 15 : : From your brown hair to your pale toes, I need all of you to be mine. It has to be you.

.........................

သူ Ga-pyeong ကို ရောက်နေသည်။

နှစ်ဝက်စာမေးပွဲ ပြီး၍ အကြာကြီးနေမှ သူ့တက္ကသိုလ်က သူငယ်ချင်းအဖွဲ့နှင့်အတူ ဆိုးလ်၏ အဝေးသို့ နယ်ချဲ့ကာ အပန်းဖြေခရီး ထွက်လာမိခြင်း ဖြစ်သည်။

လူမှုဗေဒ မေဂျာက မက်မွန်သီးလေး၊ ပြီးတော့ Dal-rae က သူနှင့် အသက်တူ။
အထက်တန်းကျောင်းကတည်းက သိသည့် အစ်မ June ကတော့ သူ့ထက် အသက်တစ်နှစ် ပိုကြီး၏။ ပြီးလျှင် ဒီခရီးတွင် သူနှင့် မေဂျာတူ Bin လည်း ပါသည်။ ထို့နောက် အစ်ကို Ha Do-yoon။
သူပါ အပါဆို အဖွဲ့သားက စုစုပေါင်း ခြောက်ယောက် ရှိ၏။

Bin ဟာ Dal-rae ၏ ချစ်သူကောင်လေး ဖြစ်ပြီး၊ အစ်မ June နှင့် အစ်ကို Do-yoon သည်တော့ လက်ထပ်ထားပြီးသော ဆက်ဆံရေးပါ။ သမီးလေးတစ်ယောက်ပင် ရှိသော်လည်း ထူးထူးဆန်းဆန်းပဲ အခု အစ်မ June က အစ်ကို Do-yoon နှင့် ရွက်ဖျင်တဲတစ်ခုတည်းတွင် အတူတူ မအိပ်ဘဲ မက်မွန်သီးလေးတို့တဲထဲ သွားဝင်အိပ်နေသည်။
ထို့ကြောင့် သူက ဘုမသိဘမသိဖြင့် အစ်ကို Do-yoon နှင့် နှစ်ယောက်တစ်ခန်း အတူ နေနေရသည့်အဖြစ်။
တစ်ဖက်ကုတင်မှာ လှဲရင်း ဘေးကုတင်က အစ်ကို Do-yoon ဆီ လှမ်းကြည့်တော့ သူ့ကို ကျောပေးထားလျက် ငြိမ်နေတာကို တွေ့သည်။ တစ်ချက်တစ်ချက် ထွက်လာသော သက်ပြင်းသံတိုးတိုးတွေကို ကြားနေရသေးပုံ ထောက်လျှင် အိပ်မပျော်သေးတာ ဖြစ်နိုင်၏။

အထက်တန်းကျောင်းမှာကတည်းက မျက်မှန်းတန်းလာခဲ့သည့် အစ်ကို ဆိုသော်လည်း တအားကြီး ရင်းနှီးခဲ့တာမျိုးတော့ မဟုတ်။ ပြောရလျှင် အဲဒီကိစ္စ ဖြစ်ပြီးကတည်းက သူ ကျောင်းထွက်လာခဲ့တာမို့ အဲဒီ အထက်တန်းကျောင်းမှာ တက်ခဲ့တဲ့ လူတွေကို မြင်လျှင် သူဟာ အဲဒီအတိတ်ထဲ အလိုလို ပြန်ပိတ်မိသွားသလို ထင်ရ၍ အသက်ရှူ မဝ။
သို့သော် ဒါက သူတစ်ယောက်တည်းသာ သိသော အတွေး ဖြစ်သည်။
ဒီလိုအတွေးမျိုး သူ တွေးနေမှန်း အစ်မ June နှင့် အစ်ကို Do-yoon သိသွားလျှင် စိတ်ကောင်းကြမှာလည်း မဟုတ်။ ထို့ကြောင့် အစ်ကိုနှင့်အစ်မရှေ့ ရောက်တိုင်း သူ ဒီလိုဖြစ်နေတာ မသိသာအောင် အတတ်နိုင်ဆုံး ကြိုးစားပြီး၊ အရင်ကထက် အများကြီး ပိုပြုံးပြီး၊ အဲဒီလို သူ နေပါသည်။

Less Ice, More Sugar - Side Story (Completed)Donde viven las historias. Descúbrelo ahora