Chapter-8(နှောင်ကြိုး)

4.9K 245 2
                                    

Unicode Ver
(8)နှောင်ကြိုး

အာရှတော်ဝင် ဆေးရုံအတွင်းအခန်းတစ်ခန်းထဲတွင်
ကုတင်ပေါ်ကသတိမရသေးတဲ့ မိန်းကလေးကိုမတ်
တပ်ရပ်ပြီးကြည့်နေတဲ့လူ၃ယောက်ရှိတယ်

မျက်တောင်တစ်ဖြတ်ဖြတ်နဲ့ လင်းနေတဲ့မီးရောင်၊
'ငါဘယ်ရောက်နေတာလဲ ဒီနေရာကဆေးရုံအနံတွေရနေတယ် ငါအရင်အချိန်ပြန်ရောက်နေတာလား'
ပိုးပိုး ဘေးဘက်ကိုကြည့်မိတော့

"သမီးလေး နိုးလာပြီလား သားငယ်ဆရာဝန်ခေါ်လိုက် သမီးသက်သာရဲ့လားကွယ်"

"မေမေ သမီးဘာလို့ဒီရောက်နေတာလဲဟင် သမီး
ကျောင်းမှာ..."

"သမီး မနေ့ကမိုးရေထဲမှာမေ့လဲနေတာလေ ဖေဖေတို့ကိုအခန်းစောင့်ဆရာမ တစ်ယောက်ကလှမ်းခေါ်လို့သာပေါ့ ဆရာမသာဆေးရုံအချိန်မီမပို့နိုင်ရင်
ဘယ်လိုလုပ်မလဲ"

"တောင်းပန်ပါတယ် ဖေဖေ"

"ကဲတော်တော့ ကိုမြတ် ...........
အော်ဆရာဝန်လာပြီ"
...............
"လူနာကခဏနားရင် သက်သာသွားမှာပါ ကျန်တာတော့ မိသားစုနဲ့ပြောလိုက်ပါ"

"ဟုတ်ကဲ့ပါဆရာ"

ဆရာဝန်ထွက်သွားတော့ လူတိုင်းရဲ့မျက်နှာကစိုးရိမ်
မှုအပြည့်နဲ့ သူမကိုကြည့်နေကြတယ်
"ဘာဖြစ်လို့အဲ့လိုကြည့်နေကြတာလဲဟင်"

"သမီးကို ဖေဖေမေးချင်တာရှိတယ် သမီးမလိမ်ဘဲဖြေပေးနိုင်မလား"

"ဟုတ်ကဲ့"

"သမီးမှာချစ်သူရှိလား"

"မရှိပါဘူး ဘာဖြစ်လို့လဲဟင်"

"ပိုးပိုး ဖေဖေ စိတ်မတိုချင်ဘူးနော် အဲ့အကောင်ကဘယ်သူလဲ"
အံကြိတ်ပြီးပြောလာတဲ့ဦးမြတ်ဟိန်း

"ရှင်အဲ့လိုမမေးနဲ့လေ ကျွန်မမေးပါ့မယ်"
"မေမေတို့ကိုအမှန်တိုင်းပြောပါကွယ် အဲ့ဒါမှမေမေတို့လဲစီစဉ်စရာရှိတာ စီစဉ်ရမှာလေကွယ်"

"သမီး တကယ်ပြောနေတာပါ မေမေဘာပြောချင်
တာလဲဟင် လှည့်ပတ်ပြီးပြောမနေပါနဲ့"

"သမီး...သမီးမှာ ကိုယ်ဝန် ရှိနေတယ်"
"၃ပတ် ကျော်နေပြီတဲ့"

"ရှင်...ကိုယ်ဝန်လား"
ပိုးပိုးသူမ ဗိုက်လေးကိုကိုင်ကြည့်မိတယ် သူမဘာ
လုပ်သင့်လဲ သူမမေ့နေခဲ့တာ အဲ့နေ့ညကသူမဆေး
သောက်ဖို့မေ့သွားခဲ့တာပဲ အရင်ဘဝတုန်းက သူမနိုး
လာချိန်မှာ သူကသောက်ဆေးပစ်ပေးခဲ့တာ
"ရော့သောက်လိုက် ငါ့ရဲ့သွေးကိုမင်းလိုမိန်းမလွယ်
တာ မကြည့်ချင်ဘူး"တဲ့လေ ခုသူမဘာလုပ်ရမလဲ

မေ့မရနိုင်သူWhere stories live. Discover now