[Unicode]
မိုးသည်းသည်းမဲမဲရွာနေတဲ့လမ်းပေါ်မှာ
ကားတွေကြပ်ပိတ်နေတဲ့ကားတန်းကြီးကိုကျော်လွန်ပြီး ကောင်မလေးတစ်ယောက်အသည်းအသန်ပြေးလွှားနေပါတယ်။
လက်ထဲကထီးကိုတောင်သေချာမစောင်းနိုင်ဘဲ
ပြေးလွှားနေတာကြောင့်သူမတစ်ကိုယ်လုံးမိုးရေတွေဟာ
စိုရွဲလျက်ပါပဲ။
သူမပုံစံဟာ အရေးတကြီးကိစ္စတစ်ခုကြောင့် အလျင်စလို
ဖြစ်နေတယ်လို့ခန့်မှန်းရပါတယ်။"Chaeng ah !!!! "
"အစ်မကရောက်ပြီလား"
"သူဘယ်မှာလဲ"
စားပွဲထိုးကောင်လေးဟာ စားပွဲဝိုင်းတစ်နေရာကို
လက်ညိုးညွှန်ပြခဲ့တယ်။
Jennieလည်းအပြေးသွားပြီး"Chaengရေ Chaeng
ငါပါ Jennie.... နင်ထနိုင်သေးရဲ့လား""အစ်မ အဆင်ပြေရဲ့လား ကူတွဲပေးရမလား"
"ရတယ် ရတယ် အစ်မသူ့ကိုတွဲနိုင်တယ်....."
Jennieတစ်ယောက်သူ့ထက်အရပ်ပိုရှည်ပြီးဝိတ်ပိုများတဲ့ Chaeyoungကို တွဲခေါ်လာပြီး နီးစပ်ရာ တက္ကစီ
ကိုတားယူပြီး ပြန်ခေါ်လာခဲ့ရတယ်။ဖြစ်ပုံက Jennieအချိန်ပိုင်းအလုပ်မှာရှိနေတုန်း
သူမဆီကိုဖုန်းဝင်လာခဲ့တယ်။
ဖုန်းနံပါတ်က သူမရဲ့Chaengဆီက
ဖုန်းကိုင်လိုက်တဲ့အချိန်မှာ အသံက သူမအလုပ်လုပ်တဲ့
ဆိုင်ကစားပွဲထိုးကောင်လေးအသံ
ထိုအသံကြားပြီးနောက် Chaeyoungတစ်ခုခု
ဖြစ်နေပြီဆိုတာတော့သူမသိလိုက်ပြီဖြစ်တယ်။
ထို့နောက်ကောင်လေးက ဆိုင်မှာChaeyoung
အရမ်းမူးပြီး မှောက်နေလို့ လာခေါ်ပါအုံးဆိုပြီး
လှမ်းခေါ်ရခြင်း။ Jennie မှာ ကမန်းကတမ်း
အလုပ်ရှင်ကိုပြောပြီး သူမဆီပြေးလာရတယ်။၂၀၁၂,ဧပြီ ၂၄
အလယ်တန်းကျောင်း"Park Chaeyoung!
ငါ... ငါနင့်ကို သဘောကျတယ် ချစ်တယ်
ငါ့ကိုလက်ခံပေးပါ""နင်က ငါ့ကို? စိတ်ဝင်စားစရာပဲ
နင့်နာမည်က?""Jennie ! Kim Jennie"
"နင့်ငါ့ကိုတကယ်ကြိုက်တာလား"
"အင်း ဟုတ်တယ်"
YOU ARE READING
ပေးဆပ်ခြင်း(One Shot)