U+Z

1.1K 101 1
                                    

[Unicode]​
မိုးသည်းသည်းမဲမဲရွာနေတဲ့လမ်းပေါ်မှာ
ကားတွေကြပ်ပိတ်နေတဲ့ကားတန်းကြီးကိုကျော်လွန်ပြီး ကောင်မလေးတစ်ယောက်အသည်းအသန်ပြေးလွှား​နေပါတယ်။
လက်ထဲကထီးကိုတောင်သေချာမစောင်းနိုင်ဘဲ
ပြေးလွှားနေတာကြောင့်သူမတစ်ကိုယ်လုံးမိုးရေတွေဟာ
စိုရွဲလျက်ပါပဲ။
သူမပုံစံဟာ အရေးတကြီးကိစ္စတစ်ခုကြောင့် အလျင်စလို
ဖြစ်နေတယ်လို့ခန့်မှန်းရပါတယ်။

"Chaeng​ ah !!!! ​ "​

"အစ်မကရောက်ပြီလား"

"သူဘယ်မှာလဲ"

စားပွဲထိုးကောင်လေးဟာ စားပွဲဝိုင်းတစ်နေရာကို
လက်ညိုးညွှန်ပြခဲ့တယ်။
Jennieလည်းအပြေးသွားပြီး

"Chaeng​ရေ​ Chaeng
ငါ​ပါ​ Jennie.... နင်ထနိုင်သေးရဲ့လား"​

"အစ်မ​ အဆင်ပြေရဲ့လား​ ကူတွဲပေးရမလား"​

"ရတယ် ရတယ်​ အစ်မသူ့ကိုတွဲနိုင်တယ်....."​

Jennieတစ်ယောက်သူ့ထက်အရပ်ပိုရှည်ပြီးဝိတ်ပိုများတဲ့ Chaeyoung​ကို​ တွဲခေါ်လာပြီး နီးစပ်ရာ တက္ကစီ
ကိုတားယူပြီး ပြန်​ခေါ်​လာခဲ့ရတယ်။

ဖြစ်​ပုံက​ Jennieအချိန်ပိုင်းအလုပ်မှာရှိနေတုန်း
သူမဆီကိုဖုန်းဝင်လာခဲ့တယ်။
ဖုန်း​နံပါတ်​က​ သူမရဲ့​Chaeng​ဆီက​
ဖုန်းကိုင်လိုက်တဲ့အချိန်မှာ အသံက​ သူမအလုပ်လုပ်တဲ့
ဆိုင်ကစားပွဲထိုးကောင်လေးအသံ
ထိုအသံကြားပြီးနောက် Chaeyoungတစ်ခုခု
ဖြစ်နေပြီဆိုတာတော့သူမသိလိုက်ပြီဖြစ်တယ်။
ထို့နောက်​ကောင်လေးက​ ဆိုင်​မှာ​Chaeyoung​
အရမ်းမူးပြီး မှောက်နေလို့ လာခေါ်ပါအုံးဆိုပြီး
လှမ်းခေါ်ရခြင်း။ Jennie မှာ​ ကမန်းကတမ်း
အလုပ်ရှင်ကိုပြောပြီး သူမဆီပြေးလာရတယ်။

၂၀၁၂,ဧပြီ​ ၂၄
အလယ်တန်းကျောင်း

"Park Chaeyoung!
ငါ... ငါ​နင့်ကို သဘောကျတယ်​ ချစ်တယ်​
ငါ့ကိုလက်ခံပေးပါ"​

"နင်က ငါ့ကို? စိတ်ဝင်စားစရာပဲ
နင့်​နာမည်က?"

"Jennie ! Kim Jennie"

"နင့်ငါ့ကိုတကယ်ကြိုက်တာလား"​

"အင်း​ ဟုတ်တယ်​"​

ပေးဆပ်ခြင်း(One Shot)​Donde viven las historias. Descúbrelo ahora