My Lover is Gangster ( Part 1 ) ..😎😎😎😎😎
" ကလင် .. ကလင် .. လင် "
" Hello "
" Dr. Face ကပါ "
" အော် ! ဟုတ်ကဲ့ ရပါတယ် ရှင့် "
သူနာပြုဆရာမလေး အမွန် ဖုန်းပြောပြီးတာနဲ့
အတွင်းဘက်ကို လှမ်းကြည့်လိုက်တယ် ..အဲဒီအချိန်မှာပဲ ဒေါက်တာ Gulf သူ့ဘက်ကို
လျှောက်လာတာနဲ့ အမွန် ရပ်စောင့်
နေလိုက်တယ်" ဒေါက်တာ
ဒီနေ့ ချိန်ထားတဲ့လူနာတစ်ယောက်
ကိစ္စရှိလို့ မနက်ဖြန်မှ လာတော့မယ်တဲ့ "" ဟုတ်လား အဲဒါဆို
ဒီနေ့ လာဖို့ လူနာ ရှိသေးလား "" မရှိတော့ဘူး ဒေါက်တာ "
Gult လက်ကနာရီကို ကြည့်လိုက်တော့
ည ၉နာရီ လူနာလည်း မရှိတော့ဘူးဆိုတော့ ဆေးခန်းပိတ်ဖို့တွေးလိုက်တယ် .." Gulf ဆေးခန်းပိတ်ရအောင်
လူနာမှမရှိတော့တာ "သူ့တွေးနေတုန်းမှာပဲ No နဲ့ Champ တို့
ထွက်လာပြီး ..
ပြောလိုက်တာကြောင့် Gulf ပြုံးမိသွားတယ် .Dr.FACE ...
Gulf တို့ သူငယ်ချင်း ၃ ယောက် စုပြီး
ဖွင့်ထားတဲ့ဆေးခန်းလေး ..ဆေးခန်းဆိုပေမယ့် ပုံမှန် ဖျားတာနာတာ
ကုသတဲ့ ဆေးခန်းမျိုးမဟုတ် ..ယောက်ျားမိန်းမ အလှအပနဲ့ ဆိုင်ရာ
ပြုပြင်ပေးတာမျိုး အကြံပေးဆွေးနွေး
တိုင်ပင်တာမျိုးတွေ လုပ်ပေးတဲ့ နေရာ ..Noနဲ့ Champ တို့ကတော့ သူ့မိဘတွေ
နေပေမယ့်
Gulf ကတော့ ကွန်ဒိုအခန်းတခုမှာ
နေထိုင်တယ်Gulf မှာက အမေမရှိတော့
အဖေတစ်ယောက်သားတစ်ယောက်သာ နေထိုင်ကြတယ် ..Gulf အဖေ ဦဇော်နောင်ကတော့
နယ်ဘက်မှာစိုက်ပျိုးရေးမွေးမြူရေး
ခြံတွေလုပ်ပြီး ဆွေးရိပ်မျိုးရိပ်မကင်းတဲ့
ကိုတိုးဆိုတဲ့ တူ တစ်ယောက်နဲ့ အတူ
နေထိုင်ကြတယ် ..Gulf ကတော့ အားလပ်ရက် ပိတ်ရက်တွေမှပဲ
ဖခင်ရှိတဲ့ နယ်ကို ပြန်ဖြစ်ခဲ့တယ် ..
ကျန်တဲ့အချိန်တွေကတော့ အိမ်နဲ့ ဆေးခန်း
ဆေးခန်းနဲ့ အိမ် ညားနေတော့တယ် ..
YOU ARE READING
My Lover is Gangster
Fanfictionမင်းကို ငါ အသက်ရှူတိုင်းချစ်တယ် Gulf .. MEW ... ငါ မင်းလိုလူတစ်ယောက်ကို ဒီလောက် ချစ်သွားလိမ့်မယ်မထင်မိဘူး။ Gulf