အတွေးများထဲ နစ်မျောနေခဲ့တယ်... ကောင်မလေးတစ်ယောက် လာမနှုတ်ဆက်ခင်အချိန်အထိ...
"ကျန့်..."
စကားသံချိုချိုလေးက ဘယ်သူ့၏အသံများလည်းဟု မော့ကြည့်လိုက်မိတော့...ရှပ်အဖြူနှင့် အစိမ်း အစင်းလေးကိုမှ စတိုင်မိမိဝတ်ပြီး ဆံနွယ် အညိုလေးနှင့် နေကာမျက်မှန်လေးတက်ထားသော သူမ...
သိပ်ချောပါတယ်..သိပ်လှပါတယ်...မတွေ့ရတဲ့ (၇)နှစ်အတွင်း သိပ်ကိုပြောင်းလည်းသွားခဲ့ပါတယ်...
"ကျန့်...လီလီ့ကို ပေးမထိုင်တော့ဘူးလာ.."
ကျွန်တော်ငေးနေသည်မှာ မည်မျှပင်ကြာသွားသည် မသိ..သူမ အသံထပ်ပြုမှ အတွေးများရပ်ခဲ့ရသည်...
"အော်..လီလီ ထိုင်လေ...ဘာသောက်မလည်..အရင်အတိုင်းဘဲလာ..."
ကျွန်တော့်စကားကြောင့် သူမ၏ပန်းနုရောင် နှုတ်ခမ်းလေး ပြုံးရောင်သန်းသွားသည်...
"လီလီက အပြောင်းအလည်း မြန်တတ်တဲ့သူ
မဟုတ်ဘူးလေ ကျန့်ရဲ့.."လီလီက ရိုးရိုးသားသားပြောပေမယ့် ကျွန်တော့်အတွေးထဲ အဓိပ္ပာယ်နှစ်မျိုး သက်ရောက်သွားခဲ့သည်...အတွေးများကိုရပ်ပြီး လီလီကြိုက်တဲ့ ကော်ဖီလေးသာမှာပေးခဲ့လိုက်တယ်...
"လီလီ ဒီကို အပြီးပြန်လာတာလား..."
မလိုအပ်ပေမယ့် သိချင်စိတ်လေးကြောင့်မေးမိခဲ့တယ်...သူမက ရှေ့ကကော်ဖီလေးကို တစ်ငုံသောက်ပြီး...
"ဟုတ်တယ် ကျန့်..လီလီ အပြီးပြန်လာတာ...
Daddy လည်းအသက်ကြီးပြီလေ...လီလီ လည်း Daddy လုပ်ငန်းကို ဉီးစီးနိုင်လောက်မယ့်အထိ လေ့လာခဲ့ပြီးပြီ...ကျန့် ကော...အခုဘယ်မှာလုပ်နေလည်..."
YOU ARE READING
Infinity...(Complete)
Fanficသဘာ၀ကို ဆန့်ကျင်ပြီးချစ်ခဲ့ကြလို့ ကျွန်တော်တို့ အချစ်က သာမာန်ချစ်သူတွေထက်ပိုတယ်ဆိုတာ ကိုကိုလက်ခံလား...? Start date - (30.9.21) End date - (3.12.21)