2

264 43 14
                                    

🍂

ဒီနေ့တော့ အညိုးကြီးစွာဖြင့်
ဖလင်လိပ်တွေ အများကြီး
ထည့်ခဲ့သည်။သဘောကျသည့်မြင်ကွင်းများတွေ့လျှင် စက်ဘီးကို
ရပ်ပြီး မှတ်တမ်းတင်သည်။
ခြေလျင်နှင့်ဆို ညောင်းလှသည်မို့
ဦးလေးတို့အိမ်က စက်ဘီးကို
ယူလာခဲ့သည်။စက်ဘီးယူလာရသည့်
အကြောင်းပြချက် နောက်ထပ်လည်း
ရှိချင်ရှိမည်။
စက်ဘီး၏ဦးတည်ရာကား
မနေ့ကခုံတန်းဆီသို့။

"သူလာမှာပါ"

လီဆာတစ်ကိုယ်တည်း
ရေရွတ်လိုက်ခြင်း။
လီဆာထိုင်နေတာ တစ်နာရီလောက်
ရှိတော့မည်။ဂျီဆူးနှင့်တွေ့ချင်လွန်း၍
လာခဲ့တာ စောလွန်းနေလား။
လက်ပတ်နာရီကိုကြည့်တော့
နေ့လယ်နှစ်နာရီကို ပြနေပြီ။
ရှေ့က လယ်ကွက်တွေကို ငေးသည်။
စိတ်ကတော့ ဂျီဆူးဆီသာ။
လေပြေ ခပ်ပြင်းပြင်းတစ်ချက်
တိုက်လာသည်။နောက်ဆုံးတော့
မျှော်နေသော မြင်ကွင်းလည်း
ပေါ်လာလေပြီ။ဒီအခွင့်အရေးကို
လီဆာလက်လွတ်ခံလို့ မဖြစ်တော့။
အဝါရောင်ဂါဝန်လက်ရှည်ကို
ဝတ်ထားသည့်ဂျီဆူးက ကင်မရာမှ
တစ်ဆင့်လီဆာ့မျက်ဝန်းဆီကိုရောက်လာသည်။

လေပြေများက ဂျီဆူး၏အနက်ရောင်
ဆံနွယ်များအား လေထဲလွှင့်အောင်
ပံ့ပိုးပေးသည်။ဂျီဆူး၏အနောက်က
လမ်းနှင့်လမ်းဘေးပတ်လည်ရှိ
သစ်ပင်များ၊လယ်ကွင်းများက
ပုံကောင်းထွက်အောင်
ဖန်တီးပေးသည်။ကင်မရာခလုတ်အား
ဘယ်နှကြိမ်နှိပ်မိသွားမှန်း
လီဆာမရေတွက်အား..
ဒီအချိန်မှာ ဖလင်တွေကို
နှမြောရကောင်းမှန်းလည်း မသိတော့။
ခုံတန်းနှင့်အနီးဆုံးကို
ဂျီဆူးရောက်လာမှ ကင်မရာ
ခလုတ်အား တရစပ်နှိပ်ခြင်းကို
ရပ်လိုက်သည်။ဂျီဆူးကို စချင်လာ၍
သူမထိုင်သည်အထိ ဘာအသံမှ
မပေးပဲ ငြိမ်နေမိသည်။

"လီဆာ"

"ငါရှိတာ သိနေတယ်လား"

"အခုသိလိုက်တယ်လေ"

ဂျီဆူးက လက်ကိုင်တုတ်ကိုသိမ်းရင်း
ရီသည်။အကြည့်တွေက
လီဆာ့ဆီ ရှိမနေလည်း

LABENDEOWhere stories live. Discover now