🌿The legend of the blue sea
အပိုင်း( 9)သူမအောင်မြင်သွားပြီ
တိုင်တန်ခန်းမဆောင်က ရေတိုင်းပြည်ရဲ့အထွဋ်အမြတ်ထားရာတိုင်တန်ခရင်းခွသိမ်းဆည်းထားရာနေရာဖြစ်ပြီး ရေတိုင်းပြည်မှာငါးခုမြောက်ခနး်မဆောင်ဖြစ်တယ်
"အရှင့်ကိုအရိုအသေပေးပါတယ်"
သူမကိုပွေ့ပြီးခန်းမဆောင်ထဲဝင်လာတာနဲ့ ခန်းမကိုစောင့်ရှောက်နေတဲ့နဂါးကိုးကောင်ကအရိုအသေပြုလာခဲ့တယ်
သူကတော့ခေါင်းသာငြိတ်ပြပြီးခန်းမဆောင်ထဲဆက်ဝင်လာတာပေါ့
အနီးအနားရောက်လေ တိုင်တန်ခရင်းခွရဲ့စွမ်းအင်လှုပ်ရှားကလဲပိုများလာတယ်
တိုင်တန်ခန်းမအထဲရောက်သွားတာနဲ့ သူ့လက်ထဲကသူမကထိန်းချုပ်မူ့လွတ်သွားပြီးအလိုအလျောက်ထွက်ခွာသွားကာ တိုင်တန်ခရင်းခွရှေ့လွင့်မျောနေခဲ့တယ်
တိုင်တန်ခရင်းခွဟာ သုံးမိှန်းချောင်းပုံစံရှိပြီး ကောင်းကင် ပင်လယ် မြေပြင် ဆိုပြီး မှိန်းတခုစီရဲ့ရည်ညွှန်းချက်ဖြစ်တယ်
ရှေးအခါက ကောင်းကင် ပင်လယ်နဲ့မြေပြင်ဆိုပြီး သုံးနေရာကွဲခဲ့လို့ ကောင်းကင်မင်းကြီးကသားသုံးယောက်ကိုတနေရာစီအုပ်စိုးစေခဲ့တယ်
အဲ့ဒိီထဲမှာမှ ပင်လယ်နတ်ဘုရားဟာပိုလို့ထင်ရှားလာပြီးပိုလို့ကျော်ကြားလာခဲ့တယ်
အခုတော့ ပင်လယ်နတ်ဘုရားမရှိတော့ပေမဲ့ သူ့ရဲ့ဂုဏ်သတင်းနဲ့ တန်ခိုးကြီးတာကတော့ အရင်ကလိုရှိနေဆဲပါပဲ
မဟုတ်ရင် တိုင်တန်ခရင်းခွလှုတ်ခတ်လိုက်တာနဲ့ ရုတ်ရုတ်သဲသဲဖြစ်လာစရာမှမလိုတာ
ရေဘုရင်ကြည့်နေဆဲမှ တိုင်တန်ခရင်းခွဟာ မိမိသခင်ကိုတွေ့လိုက်သလို တုန်ရီပြီးထိန်းချုပ်ထားတာတွေကိုဖြတ်ပြီး သူမလေးရှေ့ကိုရောက်သွားခဲ့တယ်
သတိမေ့နေတဲ့ သူမလေးလဲနိုးလာပြီး နာကျင်မူ့သက်သာသွားတဲ့ဟန်နဲ့ပြုံးယောင်သမ်းနေတာကိုသူတွေ့လိုက်တော့ သူအရမ်းအံဩသွားမိတယ်
တလောကလုံးကိုလှုတ်ခတ်အောင်လုပ်နိုင်တဲ့သူမက ကုန်းမြေမှာရော ရိုးရိုးလူသားမှဟုတ်ရဲ့လား
CZYTASZ
(Complete) The lengend of the blue sea ပင်လယ်ပြာရဲ့ဒဏ္ဍာရီ (oc) Normal
Historyczneown creation by alinkar nang mature content သူမဟာ တိုင်းပြည်တခု၏မြင့်မြတ်သောတော်ဝင်ဘုရင်မဖြစ်ခဲ့တယ် ရိုးသားစွာ အုပ်ချုပ်ခဲ့သော်လည်း လုပ်ကြံခံရတြဲအပြင် ယုံကြည်သူများကလဲသူမကိုတော်လှန်ခဲ့တဲ့အပြင် တိုင်းပြည်တခုလုံးကလဲသူမကိုစတေးခံအဖြစ် ပင်လယ်ပြာထဲနစ်မြ...