part 20 (baby born 🍼)

2.6K 64 1
                                    

မြတ်နိုးမောင်ရဲ့ ကိုယ်ဝန်
Due date ရောက်ရန် 2ရက်သာ လိုတော့တာမို့
ဆေးရုံကို စောပြီးတက်လိုက်သည်

'ကိုကို သားကြောက်တယ်
သားဗိုက်ကြီးကို ဓားနဲ့ခွဲတော့မှာထင်တယ် '

ရှိန်းတေဇ သူ့ကလေးပေါက်စ ကိုယ်ဝန်ဆောင်လေးရဲ့လက်ကို တင်းနေအောင်ကိုင်ထားပြီး

"ဘားမှစိတ်ပူစရာမလိုဘူး
ကိုကို ကိုယ်တိုင် ခွဲခန်းထဲထိ လိုက်ပြီး ဂရုစိုက်ပေးမှာ
ပြီးတော့ ကလေးရဲ့ ဖေဖေနဲ့မေမေရယ်
ကိုကို့ ဒယ်ဒီနဲ့ မာမီလည်း
လာတော့မယ်
ကလေးသာ အားရှိအောင် အားမွေးထား
အခုဘာစားချင်လဲ ပြော ကိုကို့ကို "

'ဘာမှ မစားချင်ဘူး
ကြောက်တာပဲသိတယ် အဟင့်
မေ့ဆေးထိုးရင်လည်း အရမ်းနာတယ်တဲ့
နောက်တစ်ယောက် မမွေးတော့ဘူး ဟင့် '

"ကိုကိုကလေ ဖြစ်နိုင်ရင်
ကလေးအစား အနာခံပေးလိုက်ချင်တာပါ
အတတ်နိုင်ဆုံး ညင်သာဖို့ ကိုကိုပြော‌ထားမယ်
ကိုကို့ ကလေးကို အားလူံးက ဂရုစိုက်ပေးကြမှာ
ကြောက်နဲ့ မစားချင်ဘူးဆိုလည်း
တရေးလောက် ကိုကို့ရင်ခွင်ထဲမှာအိပ်လိုက်"

'အိပ်ချင်ဘူး ဟင့် '

ဒီကလေးတစ်ယောက်တောင် မနိုင်တာ
နောက်တစ်ယောက်က လူ့လောကထဲ
ထပ်ရောက်လာတော့မှာမို့ ရှိန်းတေဇ
သက်ပြင်းတစ်ချက် ချမိသည်

'ဘာလဲ ကိုကိုက သားကို စိတ်ပျက်နေပြီမလား
ဗိုက်ပူကြီးနဲ့ ချစ်စရာမကောင်းတော့လို့မလား
မချစ်တော့ဘူးမလား ဟင့် '

ကိုယ်ဝန်ဆောင်တွေဖြစ်တတ်တဲ့
စိုးရိမ်တာတွေ ပူပန်တာတွေ စိတ်ဓာတ်ကျတာတွေ အလိုမကျတာတွေ အားလုံး စုပေါင်းဖြစ်နေသော မြတ်နိုးမောင်လေးပါ

"ကိုကို့ ဘဝမှာ အချစ်ဆုံးက
ကိုကို့ရဲ့ တစ်ဦးတည်းသော ကလေးပါ
ကိုကို့အချစ်ဆုံးလေးက နောက်ထပ် ကိုကို့ရဲ့ ရင်သွေးလေးကို ဝမ်းနဲ့လွယ်ပြီး မွေးပေးတာမို့
ချစ်တာမှ တုန်နေတာပဲ "

'အာ့ ဗိုက်ထဲက နာလာပြီ ထွက်ချင်နေပြီထင်တယ် '

ရှိန်းတေဇ ကုတင်နားက
Emergency bellကို နှိပ်လိုက်တော့
ဆရာဝန်နဲ့ သူနာပြုများရောက်လာကြသည်

‌"ဒေါက်တာ ကလေးက ဗိုက်နာတယ်တဲ့
Due date က ၂ရက်လိုသေးပေမယ့်
ကျွန်တော်ကတော့ သူစိုးရိမ်တာတွေလျော့စေချင်ပြီ ဒီနေ့ပဲ မွေးလိုက်ချင်တယ် "

'မွေးမယ်ဆို မွေးလို့ရပါပြီ
မြတ်နိုးမောင်လည်း မစိုးရိမ်ပါနဲ့
ဒီက ဒေါက်တာရှိန်းတေဇရဲ့ ရင်သွေးလေးကို
ဆေးရုံတခုလုံးက အထူးဂရုစိုက်ပြီးမွေးပေးမှာပါ
အဆင်သင့်ပြင်ပြီး မွေးဖွားခန်းထဲ ခေါ်လာခဲ့ပါ
ဆရာမ '

'ဟုတ်ကဲ့ ဒေါက်တာ '

ရှိန်းတေဇရဲ့ ရင်သွေးလေးကို
အောင်မြင်စွာ ဖွားမြင်လိုက်ပါတယ်





Updateကြာသွားလို့ sorry ပါ ခင်ဗျာ
စိတ်နဲ့လူ သိပ်မကပ်လို့
နောက်ရက်တွေ ပုံမှန် updateပါမယ်လို့ 😘

Doctor is mine (Complete )Where stories live. Discover now