ဝိညာဉ်ချည်တဲ့ ဖူးစာ

4.3K 376 12
                                    

ဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်များမှာ စိတ်ကူးယဥ် များသာဖြစ်ပြီး ဇာတ်အိမ်မှာလည်း ကိုယ်ပိုင် စိတ်ကူးထားသော ဇာတ်ဖြစ်ပါသည်။

"ငါ ​လေ တီချယ် ကို သဘောကျနေတယ် ထင်တယ် သစ်"ဟု ပြောသည့် သူမှာ ဆယ်တန်းကျောင်းစစ် နှစ်လယ်စာမေးပွဲ နောက်ဆုံးနေ့မှာ ပြောသည့် သူငယ်ချင်းဖြစ်သူ ခက်ခက်​၏ စကားကြောင့် သစ် အံ့ဩသွားတော့သည်။သို့သော်လည်း သူငယ်ချင်းဖြစ်သူ​၏ အမူအရာများကိုကြည့်ရင်း အစောကတည်းက ရိတ်မိခဲ့သည်။

"ငါသိသားပဲ" ဟု ပြောသည့် သဉ္ဇာစကားကြောင့် ခက်ခက်လည်း လန့်သွားတော့သည်။

"နင်က ဘယ်လိုသိတာလဲ"
"နင်တီချယ်ကိုကြည့်တဲ့အကြည့်တွေကနေပေါ့"
"ငါ့အကြည့်တွေ.."
"အေးလေ..တီချယ်ကိုဆို အစိမ်းလိုက်ဝါးစားတော့မဲ့အကြည့်တွေနဲ့ကို "
သူငယ်ချင်းနှစ်ယောက်စကားပြောနေချိန်  စာမေးပွဲဖြေရန် ခေါင်းလောင်းထိုးသည့်အတွက် စာမေးပွဲ အခန်းထဲဝင်သွားတော့သည်။ဖြေဆိုချိန် (၂)နာရီ အရောက် အကုန်ဖြေဆိုပြီးသည့်အတွက်ထိုင်နေသည့် ခက်ခက်။ သူမ သဘောကျနေသည့် ဆရာမဖြစ်သူ တေးနုယဉ် မှာ အခန်းရှေ့မှ ဖြတ်သွားသည်ကိုမြင်လိုက်ရသဖြင့် အနည်းငယ်ပြုံးမိသွားတော့သည်။

"လှလိုက်တာ" ဟု စိတ်ထဲမှ လည်း ရေရွတ်မိတော့​၏။ တေးနုယဉ် မှာ တကယ့်ကို မြန်မာဆန်ဆန် ကိုယ်လုံးနှင့်အတူ အရပ်မှာလည ၅ပေ ၆ရှိကာ ကျောင်းရှိဆရာမများထဲတွင် အထင်းဆုံး ဆရာမတစ်ဦလည်းဖြစ်ပြီး အသက်မှာ ၄၀ ပတ်ဝန်းကျင်သာရှိသေးသည်။

စာမေးပွဲဖြေဆိုပြီးရန် (၅)မိနစ်ခန့်အလို ကျောင်းရှိဆရာမများ ရုတ်ရုတ်သဲသဲ ဖြစ်လာပြီးအခန်းစောင့်ဆရာမများလည်းအခန်းပြင်သို့ထွက်ရင်း မေးမြန်းနေတော့သည်။ အခန်းဝအနားတွင်ထိုင်နေသည့် ခက်ခက်လည်း ဆရာမများ​၏ ပြောစကားများအား အလုံးစုံကြားလိုက်ရတော့​၏။

"အစ်မ..ဘာဖြစ်တာလဲ"
"တေးတေး ပြုတ်ကျလို့အခုပဲ အရေးပေါ်ကားလာခေါ်သွားပြီ"
တေးတေးဆိုသည်မှာ တေးနုယဉ်ပင်။ သူမ သဘောကျရသည့် ဆရာမ​၏ သတင်းကြားလိုက်ရသည့်အတွက်ချက်ချင်းဆိုသလို မတ်တပ်ရပ်လိုက်သည့် ခက်ခက်အား အခန်းစောင့်ဆရာမများမှတားတော့​၏။
"ထိုင်ထိုင်..စာမေးပွဲခန်းထဲမှ ဒါ ဘာလုပ်တာလဲ" ဟု အခန်းစောင့်ဆရာမ ဆူသံကြောင့် ခက်ခက်လည်းထိုင်လိုက်မိတော့သည်။

ဝိညာဉ်ချည်တဲ့ဖူးစာ (one shot)Where stories live. Discover now