Unicode version
Honeyနဲ့ Mommy
အပိုင်း (၆)
ကာဘွန်ဒိုင်အောက်ဆိုဒ် ဇုံထဲ တဖြေးဖြေးရောက်လာတဲ့
သူမတို့နှစ်ယောက် ၊ဘယ်လောက်မှမကြာလိုက်တဲ့ အခိုက်အတန့်လေးတခု
၅ စက္ကန်လောက်လား....!!??
"ဒီကလေးက ဘာဖြစ်ချင်နေတာလဲ "
နိုရာ ထိုသို့ စိတ်ရှုပ်စွာ တွေးလိုက်ပြီး
"ချန်းကို ....နင့်မျက်နှာကို ၆ လက်မလောက် နောက်ဆုတ်လိုက်စမ်း "
.
.
.ချန်းကို နောက်မဆုတ်ပစ်ပဲ ပိုတိုးသွားလိုက်သည်။
"ခဏလေး.....အို့.....ဒီမှာ ဆံပင်ဖြူ.....
နှုတ်လိုက်မယ်နော် မမ"နိုရာ မျက်လုံးစုံမှိတ်ကာ သက်ပြင်းချရင်း
ငြိမ်နေလိုက်သည်။"အမေ တောင် ဆံပင်ဖြူမပေါက်သေးဘူး
မမက ဆံပင်ဖြူတောင်ပေါက်နေတာလား ""ဘာ ဆံပင်ဖြူမှ မပေါက်သေးဘူး။
ငါ အဲ့လောက် အသက်မကြီးသေးဘူးဟဲ့ ""ဒီမှာ မယုံရင်ကြည့်လိုက် ဘာလို့ ထိပ်မှာမှ လာပေါက်နေရတာလဲ။
လူမြင်အောင်လို့ ....ဟီး ဟီး....
ကြည့် ကြည့် ဒီမှာ.. ..ဆံပင်ဖြူ ဟုတ်တယ်မလား"ချန်းကို ဆံပင်ဖြူလေးကို သူမလက်ထဲ ထည့်ပေးလိုက်သည်။
"ဟယ်....ဟုတ်တယ်တော့...
ချန်းကို ထပ်ရှာကြည့်စမ်း နောက်ထပ်ရှိသေးလားလို့
အမလေး ငါတော့ အိုနေပါပြီ ""ပြောပါတယ် ဆံပင်ဖြူပါဆို....လာ....တိုးခဲ့
ထပ်ရှာကြည့်ပေးမယ် ...."နိုရာ.....ချန်းကိုနဲ့ နီးသွားအောင်
ခုံလေးကိုဆွဲယူကာ တိုးလိုက်သည်။ဆံပင်ဖြူကပေးတဲ့ Depressionသည်....
တခြားဘာအကြောင်းမှတောင်
မစဉ်းစားနိုင်တော့လောက်အောင် ဖြစ်သွားခဲ့သည်။"ချန်းကို သေချာရှာနော်...ဇာဂနာယူပေးရမလား
နောက်ထပ်ရှိသေးလား ""ဟင့်အင်း မရှိတော့ဘူးထင်တယ်
အဲ့တပင်ပဲရှိတာလားမသိ .....
အို့.....ဒီမှာနောက်တပင် ....."
KAMU SEDANG MEMBACA
Honey နဲ့ Mommy
Romansaဒါကတော့ ကိုယ် ပထမဆုံးရေးဖူးတဲ့ Myanmar girl loveလေး ပေါ့။ အားလုံးပဲကြိုက်ကြပါစေ လို့မျှော်လင့်ရင်း...