Episode (25)

214 9 0
                                    

Uni#

''မင်းစက်?'' ရေခဲရိုက်ထားသလို အေးစက်ပီး လှုပ်ခြင်းမရှိသော ကျောပြင်တစ်ခုဟာ မိမိ့အရှေ့တွင် ရှိလျက်။ ရှိပေမဲ့ ခေါ်တော့လဲ မထူး၊အော်တော့လဲ မပြောဖြင့် မိမိနှင့် တဖြည်းဖြည်းဝေးကွာနေသလိုလိုခံစားနေရသည်။ လက်တစ်လှမ်းစာလို့ထင်ရပေမဲ့ လှမ်းကိုင်ရင်တောင်မထိပေ။

''မင်းစက်...? ငါခေါ်နေတယ်လေ.... ငါ...ငါ....ခေါ်နေတယ်လေ...ဟျောင်...'' ဝေးကွာသွားသောကျောပြင်ဟာ ရပ်တန့်သွားသည်။ ထို့နောက် မိမိဘက်သို့ တဖြည်းဖြည်းလှည့်လာသည်။ ကြည့်မိလိုက်တော့ ခန္ဓာကိုယ်ကအကောင်းတိုင်းပုံစံဖြစ်နေပေမဲ့ မျက်နှာဟာ မှောင်မဲကာ ပျောက်ကွယ်လျက်။

''စက်!!!!!'' မျက်ဝန်းတို့မှ ပါးပြင်တစ်လျှောက်ပူခနဲ ကျဆင်းသွားသော လွမ်းဆွတ်ခြင်းအရည်တို့ဖြင့် ရုတ်တရက်အော်ဟစ်ကာ နိုးလာမှ ဒါဟာ အိမ်မက်ဟု သက်မှတ်လိုက်သည်။ ဘယ်တုံးက မေ့မျောသွားလဲ မသိပေမဲ့ ရုတ်ချည်းဆိုသလို oliverက အပြေးရောက်လာသည်။

''အဆင်ပြေရဲ့လား....?'' သဘက်တစ်ထည်ဖြင့် ရေလောင်းထားသကဲ့သို့ ချွေးတွေနစ်နေသော မိမိ့ကို သုတ်ပေးရှာသည်။ စတွေ့တုံးက စကားအကန်တွေပြောနေပေမဲ့ အခုလိုကြ oliverဟာ အကိုတစ်ယောက်လိုပါပဲလား။ အဖြစ်အပျက်တို့ ခေါင်းထဲ တစ်ချက်ပြန်ရောက်လာတော့ ချွေးသုတ်ပေးနေသည့် oliver၏လက်တို့ကို ဖမ်းဆုပ်လာသည်။

'' စက်...ရော...?'' ဟိန်းဇေပြောသည့်အရာကို oliverမသိပေမဲ့ Jhonကို မေးမှန်းတော့ တန်းသိသည်။ မိမိ့အပေါ်မျှော်လင့်ချက်ထားသည့်ကောင်လေးဟာ မျက်ရည်ဥတို့ဝဲနေသော မျက်ဝန်းဖြင့် ကြည့်ရှာသည်။ ဒါပေမဲ့ ကိုယ်လဲ အခုထိရှာနေတုံး။ တိကျသည့်အဖြေမပေးနိုင်တေးလို့သာ မိမိကိုယ်ကိုယ် စိတ်ပျက်ရသည်။

''ငါ ရအောင်ရှာနေပါတယ်...နော်....'' အာ့တာကြောင့် စိတ်ကိုလျှော့ထားဟုသော မျက်ဝန်းတို့ဖြင့် ကြည့်ကာပြောလာသည်။ ဘေးဘီကို ကြည့်တော့ အိပ်ရာထဲရောက်နေသည်မို့ စိုကျိစိုကျိမဖစ်တာကို သတိထားမိသည်။ oliverလက်ကို ပစ်ချကာ ဝုန်းခနဲ ကုတင်ပေါ်မှပြေးဆင်းသွားတော့ လန့်သွားရသည်။

The love on you💜Where stories live. Discover now