59[U&Z]

3.9K 530 10
                                    

[Unicode]

"သန်း၁၀၀တောင်!" ပမာဏကိုကြည့်ရင်း နင်မုန့် အံ့ဩစွာ အော်မိသွား၏။

သူမ နှလုံးခုန်နှုန်းပါ မြန်လာ၏။ ချက်ချင်းပဲ ကုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ဟော်ပေ့ချန်ရဲ့ စာကြည့်ခန်းဆီသို့ ပြေးသွားလိုက်တော့သည်။ စာကြည့်ခန်းသို့ ရောက်တဲ့အခါ အိမ်ထဲက ထွက်သွားဖို့ ပြင်နေသည့် ဟော်ပေ့ချန်ကို မြင်လိုက်ရသည်။

"အား!!!!ယောက်ျား! ဒီနေ့ကစပြီး ရှင်က ကျွန်မရဲ့ ဘုရင်ကြီးပဲ!" နင်မုန့် အော်ပြောလိုက်ရင်း ဟော်ပေ့ချန်ပေါ်သို့ ခုန်တက်လိုက်သလို သူမရဲ့လက်နုနုတို့ဖြင့် ပွေ့ဖက်လိုက်၏။

"..."

ခံစားလိုက်ရတဲ့ မိန်းကလေးခန္ဓာကိုယ်ရဲ့ နူးညံ့မှုကြောင့် ဟော်ပေ့ချန် ခနတာ တောင့်တင်းလို့ သွားလေသည်။ သူ့ဒေါသတွေနဲ့ ကြမ်းတမ်းမှုတို့က လေနဲ့အတူ လွင့်မြောလို့ သွား၏။ နင်မုန့် ခန္ဓာကိုယ်က ငှက်မွှေးလေးလို ပေါ့ပါးနေတာမို့ ‌ သူ့အတွက်တော့ လေပြေလေညှင်းလေးတစ်ခုကို သယ်ထားရသလို ဖြစ်နေလေ၏။ သူမက သူ့ကို စကားပြောလာတဲ့အခါ သူမရဲ့ ဝင်သက်ထွက်သက်တို့က သူ့လည်ပင်းဆီသို့ ငှက်မွှေးနှင့် တို့ထိနေသည့်အလား ရိုက်ခတ်လာလေ၏။ ခန္ဓာကိုယ်နှစ်ခု ပူးကပ်နေမှုက ဟော်ပေ့ချန်စိတ်ကို မရွးမယွဖြစ်အောင် ဖန်တီးလို့ လာလေသည်။

ထိန်းချုပ်မှုအောက်မှာပဲ ဟော်ပေ့ချန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ရုတ်တရက် နင်မုန့်က ဖြည်းဖြည်းချင်း သူ့ခန္ဓာကိုယ်ပေါ်က  လျောကျသွားတဲ့အခါ ဟော်ပေ့ချန် နှစ်ခါမတွေးဘဲ သူ့လက်နှစ်ဖက်လုံးနှင့် သူမကို ဖမ်းဆုပ်လိုက်လေ၏။

"..."

သူ နားမလည်လိုက်ခင်မှာပဲ မျက်နှာက ပန်းရောင်သမ်းနေပြီ ဖြစ်သလို နားရွက်တွေသည်လည်း ပူနွေးလို့နေပြီဖြစ်၏။ ‌‌ထို့နောက်မှာတော့ သူမကို အောက်သို့ ချပေးလိုက်ကာ နှစ်ကိုယ်ကြား အနည်းငယ်ကွာဝေးသည်အထိ အနောက်သို့ နည်းနည်း ဆုတ်လိုက်သည်။ သူတို့နှစ်ယောက်ရဲ့ ပူးကပ်နေမှုက ဘယ်လိုဖြစ်သွားစေလဲဆိုတာတော့ နင်မုန့်ပုံစံက မသိသည့်ပုံပင်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Tempat cerita menjadi hidup. Temukan sekarang