Final Episode : : Sa rang hae.
.........................
အမှောင်ထုကြီးက တစ်လောကလုံးကို စိုးမိုး လွှမ်းခြုံထားချိန်တွင် ကျွန်တော် တစ်ဦးတည်း ဘတ်စကတ်ဘောကွင်းကျဉ်းကျဉ်းလေးထဲ ဘယ်ကနေ ညာ၊ ညာကနေ ဘယ်သို့ ခေါက်တုံခေါက်ပြန် လျှောက်နေမိ၏။
အနီးနားတွင် အဖော်သဟဲ မရှိ၍ အထီးကျန်ရသည့်အပြင် သူ အဆင်ပြေမှ ပြေပါ့မလား ဟူသည့် အတွေးကြောင့် ကျွန်တော့်စိတ်တွေက တစ်စတစ်စ ပိုကာ ယောက်ယက်ခက်လာရသည်။
ကောင်လေးကို ဘယ်သူကမှ စကားလုံးနဲ့ရော အပြုအမူနဲ့ပါ ဒဏ်ရာပေးလို့ မရအောင် အရှေ့မှာ ကျွန်တော် အမြဲ ကာဆီးပေးထားမည်ဟု ကတိပြုခဲ့ပြီးမှ ...၊ မကောင်းတဲ့စကား၊ ဆဲဆိုတဲ့စကားတွေ အကုန်လုံး ကောင်လေးအစား ကျွန်တော်တစ်ယောက်တည်းပဲ နားထောင်ပေးမည်ဟု သက်သေတည်ခဲ့ပြီးမှ ...၊ အခုလို အခြေအနေမှာ ကောင်လေးရဲ့ဘေး ကျွန်တော် ရှိမပေးနိုင်ခြင်းအတွက် ကျွန်တော်ဟာ တော်တော်လေး နေမထိထိုင်မသာဖြစ်နေရသည်။
သူကတော့ ကျွန်တော့်ကို မနာကျင်စေချင်လို့ ဒီမှာ ထားခဲ့သည်ဟု ပြောသည်။ ကျွန်တော်သာ မနာကျင်လျှင် အခု သူလည်း နာကျင်တော့မှာ မဟုတ်လို့။
ပြီးတော့ သူကသာ ကျွန်တော့်ကို စောင့်ရှောက်ပေးဖို့ တာဝန်ရှိသူ မို့လို့တဲ့။ဒီနေ့မှပဲ လမင်းကို တိမ်စိုင်ထုနက်နက်တွေက အပြည့်အဝ ကွယ်ဝှက်ထားသလို ကောင်းကင်တစ်ပြင်၌ ကြယ်လှလှတို့လည်း မရှိ။
သက်ပြင်း ချရင်း ...၊
ပါးစပ်ထဲကနေ လေပူတွေ မှုတ်ထုတ်ရင်း ...၊
ကျွန်တော်ဟာ ကယောင်ကတမ်းဖြင့် အရှေ့က ဘောလုံးကို ခြေဖြင့် ခတ်ထုတ်မိသည်။'အဲဒီ ဘောလုံးက ခြေထောက်နဲ့ ကန်ရတဲ့ ဘောလုံး မဟုတ်ဘူး။ သူများတွေ လက်နဲ့ ကိုင်တဲ့ ဟာ။'
" အာ။ ဟုတ်သားပဲ။ "
ကောင်လေး ပြောဖူးသော စကားကို ဖျတ်ခနဲ ပြန်သတိရမှ ခြေနှင့် ခတ်ထုတ်လိုက်၍ မလှမ်းမကမ်းသို့ လွင့်ထွက်သွားသည့် ဘောလုံးကို ကျွန်တော့်မှာ တစ်ခါပြန်ပြီး တယုတယ လိုက်ကောက်ရပါသည်။
YOU ARE READING
Less Ice, More Sugar - Side Story (Completed)
Fanfictionso, how do you define "love" ?