''နှင်းတွေကျလာပြီ သူဌေးKim...! အပြင်မှာ အရမ်းအေးလာပြီ... ကျွန်တော်တို့အိမ်ထဲဝင်ကြရအောင်နော်...''
သူသတိပေးသလိုပြောမှ သူဌေးKimက သစ်သားထိုင်ခုံလေးတွင်မှီထားသည့် တုတ်ကောက်ကို စမ်းယူသည်။
''နှင်းပွင့်တွေက အရမ်းလှနေမှာပဲနော်...Do Kyungsoo''
''ပထမဆုံးကျတဲ့နှင်းမလို့ထင်တယ် အရမ်းကိုလှပါတယ် သူဌေးKimရယ်...ဒီနေရာကနေ အိမ်ကိုရောက်တဲ့အထိ နှင်းပွင့်တွေပြန့်ကျဲနေတာများ ချယ်ရီပန်းတွေကို လမ်းလုံးပြည့်ခင်းထားတဲ့အတိုင်းပဲ...''
''ကိုယ်က နှင်းပွင့်လေးတွေကိုချစ်တယ်...ဒါပေမဲ့ ဒီတသက်တော့ မြင်တွေ့ခွင့်မရှိတော့ပါဘူး.... ''
''မဟုတ်တာ သူဌေးKim...အလှူရှင်တွေ ရှိလာဦးမှာပါ...''
စိုစွတ်လာသည့် မျက်ရည်တို့ကို သူဌေးKimမသိခင် လက်ခုံးဖြင့် တို့သုတ်လိုက်ပါသည်။
''ခုနက အစ်ကိုလေးBaekဖုန်းဆက်သေးတယ်...! ခင်များကို နေကောင်းကျန်းမာရဲ့လားတဲ့...! သူတို့တစ်မိသားစုလုံးနေကောင်းကျန်းမာကြတယ်တဲ့...! ဒီတစ်ခေါက် နှစ်သစ်ကူးရုံးပိတ်ရက်မှ Chanyeolနဲ့အတူ လာလည်မယ်တဲ့...''
''အွန်း...အွန်း... ကောင်းပါတယ်...! ဒီတခေါက်သားBaekတို့လာမှ ကိုယ်တိုင်စိမ်ထားတဲ့ စပျစ်ဝိုင်ကို မြည်းခိုင်းရမယ်...''
''အံမယ် ခင်များက စပ်ပုံစပ်နည်းပဲပြောတာပါ တကယ်စိမ်တာက ကျွန်တော်ပါနော်...''
''ဟား...ဟား... ဟုတ်ပါတယ်...! ငါတို့နှစ်ယောက် အတူစိမ်ထားတဲ့ဝိုင်ကို မြည်းခိုင်းရမှာပါ...''
''ဟား..ဟား...ဟား...ဟား...''
''ဟင်း...ဟင်း...ဟင်း...ဟင်း...''
°~°~°~°~°~°~°~°~°~°~°~°~°~°~°~
Sehunမျက်လုံးတွေ ခွဲစိတ်ပြီး အားလုံးပုံမှန်အတိုင်းပြန်ဖြစ်သွားတဲ့အချိန်အထိ အချိန်တစ်နှစ်ခွဲတိတိကြာခဲ့ပါသည်။
ဒီကြားထဲ အဖြစ်အပျက်မျိုးစုံဖြစ်သွားခဲ့သည်။
အိမ်ထောင်ရေးဖောက်ပြန်ပြီး မျက်မမြင်ဒုက္ခိတဖြစ်နေသည့်သူ့ကို Kim Jonginက မပေါင်းနိုင်တော့ဆိုပြီး ကွာရှင်းခွင့်တောင်းသဖြင့် သူကွာရှင်းပေးခဲ့သည်။