အချစ်ကိုဘယ်လိုမြင်ကြပါလဲ။
မြင်မြင်ချင်းအချစ်၊တစ်ဖက်သတ်အချစ်
တိတ်တခိုးအချစ်၊ပေးဆပ်တဲ့အချစ်၊
ပူလောင်တဲ့အချစ်၊ရူးသွပ်တဲ့အချစ်
စသည် စသည်ဖြင့်........
အမျိုးအစားစုံလင်လှတဲ့ အချစ် ဆိုတဲ့
အမည်နာမရဲ့အောက်မှာ
ပြားပြား၀ပ် ကျရှုံးခဲ့တဲ့ သက်ရှိသတ္တဝါတွေ
အများသား.....
အဟင်း ကိုယ် အပါအ၀င်ပေါ့တို့က ရှမ်း-ကရင်စပ် ကပြားတစ်ယောက်
နေတာကလား
လွမ်းမောဖွယ်ရာ ဒေါနတောင်တန်းကြီးနဲ့
မှိုင်းညှို့ဆိုင်းနေတဲ့ တောင်တန်းတွေရဲ့အလယ်
တောမကျ မြို့မကျ မြို့လေးတစ်မြို့မှာပေါ့ကဲ မိတ်ဆက်တာတွေထားပါတော့
အခုပြောမှာက လူတစ်ယောက်အကြောင်း
တို့အတွက် အရေးပါတဲ့ လူတစ်ယောက်အကြောင်းပေါ့ကွယ်
ဒါဆို ဇာတ်လမ်းလေးရဲ့အစကို စပြောကြတာပေါ့နော်မြူခိုးတွေနဲ့ရစ်သိုင်းနှောင်ဖွဲ့ထားတဲ့
စိမ်းညှို့ညှို့ တောင်တန်းကြီးရဲ့အခြေမှာ
ရွာလေးတစ်ရွာရှိပါလေရဲ့
ရွာလေးက ငယ်ပေမယ့် အထင်တော့မသေးရဲ
ကြပါစေနဲ့
သေနတ်ဒဏ် ကျည်ဆန်ဒဏ် အမြောက်ဗုံးဆန်ဒဏ်တွေကို ခံနိုင်ရည်၀ပြီးသား ရွာလေးပါ
အကြိမ်ကြိမ်လည်း မီးလောင်ခံရတဲ့ ရွာငယ်လေးဖီးနစ်ငှက်ဟာ လောင်တောက်နေတဲ့မီးအဖြစ်နဲ့
ပြာပုံကနေတိုးထွက်ပြီး ပြန်လည်ရှင်သန်နိုင်တဲ့
ပြယုဂ်တစ်ခုလို
ဒီရွာလေးကလည်း အကြိမ်ကြိမ်ပြန်လည်ရှင်သန်ခဲ့တယ်
ရက်စက်ပြီးနာကျင်စရာကောင်းတဲ့
စစ်ပွဲတွေရဲ့ဒဏ်ထဲကနေ
အကြိမ်ကြိမ်ပေါ့ကွယ်ဒါတွေဟာ သူ တို့ကိုပြောပြခဲ့တဲ့အကြောင်းတွေပေါ့
သူဟာ ဘယ်သူများပါလိမ့်ဆိုရင်
သူဟာ ကျွန်မချစ်ရတဲ့ မြတ်နိုးရတဲ့
ပြီးတော့ လေးစားရပါတဲ့ အဲ့ဒီ လူကြီးပဲပေါ့ကွယ်Love at the first sightလား
ဟင့်အင်း မဟုတ်တာသေချာပါတယ်
ဒါပေမဲ့ Love at the first dayလို့
ဆိုရမလားဘဲ
ဟုတ်ပါတယ် ပထမဆုံးရက်မှာတင် အဲ့ဒီလူကြီး
ကို သဘောကျမိသွားတာပါ
ဆုံတွေ့ခြင်းဟာ ပထမဆုံးအကြိမ်
ဒါပေမဲ့ နောက်ဆုံးအကြိမ်လည်းဖြစ်သွားနိုင်တာပေါ့