Recommended song - message (ဂျုလ်ဝယ်)
ခုံတန်းပေါ်မှာ ထိုင်နေသော ကောင်လေးတစ်ယောက်။ သူ၏ လက်ပေါ်တွင်တော့ ဖုန်းလေးတစ်လုံးရယ် ၊ဓာတ်ပုံ album လို့် ယူဆရတဲ့ စာအုပ်လေးတစ်ခုရယ်၊ မဂ်လာဆောင်ဖိတ်စားေလးတစ်ခုရယ်။ ခုံတန်းးေလးရဲ့ဘေးနားမှာတော့ ဝှီးချဲလ်လေးတစ်ခုရယ်။
ကောင်လေးက album ထဲက ပုံလေးတွေကိုကြည့်ရင်း အညိုရောင်မျက်ဝန်းလေးများက မျက်ရည်ဥလေးများ ကြွေကျလို့်။တစ်ခါ တစ်ခါ ဖုန်း screen လေးကိုလည်း တစ်ချက် တစ်ချက်ကြည့်နေလေရဲ့။ကြည့်ရတာတော့ တစ်ယောက်ယောက်စီက ဖုန်းကောလ် ဒါမှ မဟုတ် messageပို့မှာကို စောင့်နေတာထင်ရဲ့။
နောက်ပြီး ပါးစပ်ကနေလည်း ပွစိပွစိ ပြောနေသေးတယ်။
' မောင်က ငယ့်ကို မချစ်တော့ဘူး'တဲ့
ပြီးတော့ ဖုန်းလေးကို ကိုင်ပြီး messageတွေ ဆက်တိုက်ပို့နေလေရဲ့။
'မောင် ငယ့်ငယ့်ကို မချစ်တော့ဘူးလား'
'မောင်က ငယ့် messageတွေလည်း မကြည့်ဘူးကွာ'
'မောင်က အလုပ်ရှုပ်နေတာလား'
'ဟီးဟီး မောင့်ကို ဖုန်းခေါ်ရမှာလား'
'ငယ်ဖုန်းခေါ်ရင် မောင်က စိတ်ဆိုးမှာလား'
'ငယ်က အရမ်းဆိုးနေလို့လား"
သို့သော် တစ်ဖက်ကတော့ reply မလာပါ။
ကောင်လေးက messaging ထဲက ထွက်ပြီး phone callလေး တစ်ခုကို ခေါ်လိုက်လေသည်။
'လူကြီးမင်းခေါ်ဆိုသော telephoneဖုန်းမှာ ဆက်သွယ်မူ ဧရိယာပြင်ပ သို့ရောက်ရှိနေပါသဖြင့်'
"ဟာကွာ မောင်က ဘယ်တွေသွားနေတာလဲ"
ကောင်လေးက မျက်ရည်တွေ ဖြိုင်ဖြိုင် ကျရင် နှုတ်ခမ်းလေးကလည်း စူထားလေရဲ့။
ဒီပုံစံလေးက သူချစ်ရတဲ့ ၊ သူ့ကို ချစ်တဲ့ သူ့ရဲ့ မောင်သာတွေ့ရင်တော့ ရင်ကွဲရမယ် ထင်ပါရဲ့။သို့သော် မောင်ဆိုတဲ့ လူသားကတော့ တွေ့နိုင်တော့မည် မဟုတ်။
ကောင်လေးက ဖုန်းဆက်လို့ မရတော့ ဖုန်းလေးကို ဘေးမှာ ချပြီး သူ့အရှေ့က လမ်းသွယ်လေးကို ငေးကြည့်နေလေသည်။ကြည့်နေရင်း မျက်နှာလေးက တစ်ဖြည်းဖြည်းပြုံးလာလေ၏။ သို့သော် မျက်ရည်များကတော့ကျနေဆဲ။ ကောင်လေးက အတိတ်တွေဆီ အလည်သွားနေတယ် ထင်ပါရဲ့။