Extra - 3

2.3K 151 68
                                    

[Unicode]

"ထယ်ရေ...ပြီးရင်ထွက်လာတော့လေကွာ..."

ဂျောင်းဂုတစ်ယောက် အခန်းအပြင်မှနေ၍ အသည်းညှာလေးအား တကျော်ကျော်နေအောင် အော်ခေါ်မိပါသည်။

Luggage များ၊ လက်ဆောင်ပစ္စည်းများနှင့် ဘူဆန်သို့ ယူဆောင်သွားမည့် အထုပ်အပိုးမှန်သမျှကို ကားပေါ်သွားတင်ပြီးလို့ နေရာချပြီးသည့်တိုင်အောင် ထိုသားအဖနှစ်ယောက်မှာ အောက်ဆင်းမလာသေးပေ။ ထို့အတွက်ကြောင့် ဂျောင်းဂုခမျာ အမောတကောဖြင့် နောက်ကြောင်းပြန်လှည့်လာပြီး လာပင့်တော်မူရသည့် ဖြစ်ခြင်း။ ဘူဆန်သို့သွားမည့် ခရီးစဉ်မှာ သုံးနာရီလောက်နီးပါး ကြာသည်ဖြစ်ရာ ယခုတည်းကထွက်မှ ညနေလောက် အမှီရောက်မှာ ဖြစ်သည်။

ထယ်ယောင်းတို့ဉီးလေးမှာလည်း ဘူဆန်သို့ရောက်သည်နှင့် လာကြိုပေးမည်ဟု ကြိုဖုန်းဆက်ထားရာ လူငယ်ဖြစ်သည့် မိမိတို့ဘက်မှ နောက်ကျနေလို့ မကောင်းပါလေ။

ဒီသားအဖတွေ ဘာလုပ်နေလို့ အခုထိ ဆင်းမလာသေးတာပါလိမ့်...။

ကိုယ့်အတွေးနှင့်ကိုယ် လက်ပတ်နာရီအား တစ်ချက်ငုံ့ကြည့်မိပါတော့ ၁ နာရီ ကျော်နေသည်ကို တွေ့လိုက်ရ၏။

ဟင်!...ဒီအချိန်တောင် ရှိသွားပြီလားဟ...မဖြစ်ဘူး...မဖြစ်ဘူး...ဒီအတိုင်းဆို မဖြစ်တော့ဘူးပဲ...။

ယခုတောင် မွန်းတည့်ကျော်နေပြီဖြစ်ရာ သည်ထက်သာ နောက်ကျရလျှင်တော့ လမ်းမပေါ်တွင် အိပ်ဖို့သာ ရှိပေတော့သည်။ ဒါတောင် ကားပိတ်မည့်အချိန်များနှင့် တိုးဂိတ်တကာတွင် တန်းစီရမည့် အချိန်များ မပါသေး။ ထိုအချိန်များ အားလုံးကိုသာ ထည့်တွက်လိုက်လျှင်တော့ တကယ့်တကယ်ကြီးကို ငါးပါးမှောက်တော့မည့်ကိန်းမို့ ဆံပင်များအား ခပ်ကြမ်းကြမ်းဆွဲဖွကာ သက်ပြင်းချမိပါ၏။

တော်ကြာနေ လူကြီးတွေကို စိတ်ပူအောင်လုပ်တယ်ဆိုပြီး ငါ့ကိုစိတ်ကွက်သွားမှဖြင့် ထယ်နဲ့သဘောမတူပဲ နေအုံးမယ်...။

မဖြစ်သေးပါဘူးကွာ...လုံးဝကို မဖြစ်သေးတာ...။

စိတ်ရှုပ်ရှုပ်နှင့် ခေါင်းတစ်ချက်ခါထုတ်ကာ ပြုမိသည်က ထွက်မလာသေးသည့် ကောင်လေးကို နောက်တစ်ဖန်ထပ်ကာ ခေါ်တွင်မိခြင်း။

ADORABLE hyung [Completed]Where stories live. Discover now