3400 A.Dမှာ မဟာစစ်ပွဲကြီး မဖြစ်ပွားခင် လူတွေဟာ ကမ္ဘာ့ခေါင်းဆောင်တွေ ဦးဆောင်ပြီး နိုင်ငံတွေ အကုန်လုံးကို ပေါင်းစည်းလိုက်တဲ့ မန်ဒရာဒေသမှာ စည်းစည်းလုံးလုံးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြသတဲ့....တစ်နေ့တော့ အင်အားကြီးတဲ့ လူမျိုးစုတွေက သယံဇာတတွေကို ပိုင်ဆိုင်ချင်လာတာကြောင့် လူမျိုးစုတွေ အချင်းချင်း တိုက်ခိုက်လာကြတာပေါ့...အဲဒါတွေရဲ့ ရလဒ်ကတော့ ကမ္ဘာကြီးက နေထိုင်လို့ မသင့်တော်တဲ့ ဂြိုလ်တစ်လုံးဖြစ်လာခဲ့တယ်။ နှစ်တစ်ရာကြာတဲ့ စစ်ပွဲကြီးအပြီးမှာတော့ နိုင်ငံကြီး ၄ ခုကွဲထွက်လာခဲ့တယ်။
1. Lilac
2. Cassia
3. Norwich
4. MariaLalic ဆိုတာ တော်ဝင်မျိုးနွယ်တွေ...လူချမ်းသာတွေနဲ့ အကြီးအကဲတွေပဲနေလို့ရတဲ့ နိုင်ငံတစ်ခုပေါ့။ ဘာဖြစ်လို့ အဲဒီလူမျိုးတွေပဲ နေလို့ရတာလဲဆိုတော့ ကမ္ဘာကြီးကို လူတွေက စွန့်ခွာပြီး အာကာသထဲမှာ မြို့တစ်မြို့ တည်ထောင်လိုက်တယ်...ဒါပေမယ့် လူတွေရဲ့ ၂၅% ပဲ နေနိုင်တယ်။ Lalic ရဲ့ နိုင်ငံသား ဖြစ်လာဖို့ နည်းလမ်း ၃ ခုရှိပါတယ်။
1. ပိုက်ဆံအများကြီး ရှာပြီး လူချမ်းသာတစ်ယောက် ဖြစ်လာရမယ်။
2. Lalic ရဲ့ စစ်သည်တော် တစ်ယောက်ဖြစ်လာရမယ်။
3. ကိုယ့်နိုင်ငံကို သစ္စာဖောက်ရမယ်။*နံပါတ် 2 အချက်အတွက် နှစ်တိုင်း ကျင်းပတဲ့ လူရွေးပွဲမှာ ယှဥ်ပြိုင်လို့ရပါတယ်။ ဒါပေမယ့် ၁၀ ယောက်ပဲ ရွေးချယ်မှာကြောင့် အခွင့်အရေးနည်းပါတယ်။*
*နံပါတ် 3 အချက်က မအောင်မြင်ရင် ကိုယ့်နိုင်ငံက သေဒဏ်ပေးခံရလိမ့်ပါမယ်။*
Cassia ကတော့ Lalic ပြီးရင် အကောင်းဆုံး နိုင်ငံပေါ့။ Cassia က လေပေါ်မှာ တည်ဆောက်ထားတဲ့မြို့ ဖြစ်ပေမယ့် နိုင်ငံသားအားလုံးအတွက် သယံဇာတ အလုံအလောက်ရှိပါတယ်။ ဒါပေမယ့် လူဦးရေ အကန့်အသတ်ရှိတာကြောင့် နှစ်တိုင်း အသက် ၁၃နှစ်အရွယ် ကလေးတွေကို စာမေးပွဲ စစ်ပါတယ်။ အောင်မြင်ခဲ့ရင် အသက်ရှင်နိုင်မှာ ဖြစ်ပြီး ကျရှုံးခဲ့ရင်တော့ အစိုးရက သေဒဏ်ပေးတာ ခံရမှာပါ။
Norwich ကတော့ ရေအောက်က နိုင်ငံပေါ့။ ခေါင်းဆောင်တချို့က မဟာစစ်ပွဲကြီး အပြီးမှာ ရေအောက်မှာ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး လူတွေကို ရေအောက်မှာ နေထိုင်လို့ရအောင် အမျိုးမျိုး စမ်းသပ်ပြီး နည်းလမ်းရှာတွေ့ခဲ့ကြတယ်။ Norwicher တွေက ရေအောက်မှာ အသက်ရှုနိုင်ပြီး ရေကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားရှိကြပါတယ်။ Norwich နိုင်ငံသားဖြစ်လာဖို့ နည်းလမ်း မရှိပါဘူး။ သူတို့ရဲ့ မျိုးဆက်တွေပဲနေနိုင်တာပါ။
နောက်ဆုံးဖြစ်တဲ့ Maria ကတော့ နေထိုင်ဖို့ လုံးဝ မသင့်တော်တဲ့ နိုင်ငံတစ်ခုပေါ့။ မရေတွက်နိုင်တဲ့ အမှုအခင်းတွေ...ငတ်မွတ်ဆာလောင်မှုတွေ...သူခိုးတွေရှိတဲ့ နိုင်ငံတစ်ခု...သယံဇာတ အလုံအလောက် မရှိတဲ့ နိုင်ငံတစ်ခု ဖြစ်တယ်။ Maira နိုင်ငံသားတွေကတော့ တစ်ခြားနိုင်ငံသားဖြစ်ဖို့ အသည်းအသန် ကြိုးစားရတယ်။ လေထုကလည်း မသန့်ရှင်းတာကြောင့် ကျန်းမာရေးချို့တဲ့ကြတယ်။
Cassia က မြို့တစ်ခုမှာ .........
Boy : မေမေ...မေမေ....ဟီးရိုးကြီး အကြောင်းဖတ်ပြီးသွားပြီလား???
အဲဒီ ဟီးရိုးကြီးက အရမ်းမိုက်တာပဲ။ လူတွေကို
အေးအေးဆေးဆေး ကယ်သွားတာ.....မိုက်တယ်!!Mom : omm..ဟုတ်တာပေါ့...သားက သူ့ကို သဘောကျလို့လား?
Boy : ဟုတ်....ဟုတ်
သားက ကြီးလာရင် သူ့လို ဟီးရိုး ဖြစ်ချင်တာ...ဘမ်းဘမ်း...ဝှီး....Dad : ကြိုးသာကြိုးစားထား..သား ကြီးလာရင် ဟီရိုးကြီး ဖြစ်လာမယ်ဆို
တာ ဖေဖေ သိနေတယ်။
ဟုတ်ပါပြီ..ဟုတ်ပါပြီ..ဖေဖေတို့ရဲ့ ဟီးရိုးကြီးရေ ခဏနားပါဦး။Boy : ဟုတ်ကဲ့ပါဗျ။
Dad : ဟန်နီ..ဒီနေ့ ဘာဟင်း ချက်..........
(BAMM !!)
Boy : ဟင်....ဘာဖြစ်သွားတာလဲ??....မေမေ..ဖေဖေ
Boy : မေရေ...ဖေရေ..မေမေတို့ ဘယ်မှာလဲ..?
သူ မယုံနိုင်စရာ မြင်ကွင်းတစ်ခု...သူ့ အဖေနဲ့ အမေက ကျောက်တုံးတစ်ခုအောက်မှာ...
Boy : ဖေဖေ...မေမေ...
သူတို့ရဲ့ အိမ်နားမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ပြီး...လူအတော်အများ ထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့တဲ့လူတွေလည်း ရှိခဲ့ပါတယ်။ဒါပေယ့်...အဲဒီထဲမှာ ကောင်လေးရဲ့ မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့လား? အသက်ရှင်နေသေးလား? ဆိုတာ လာမယ့် အပိုင်းမှာ ဖတ်ရှုနိုင်ပါတယ်။
Part 2 coming soon........
YOU ARE READING
The Valliant Gang (Myanmar Ver.)
Mystery / ThrillerMyanmar ဘာသာပြန်ပေထားတဲ့ စာအုပ်လေး တစ်အုပ်ပါ။ Original ver. By me