" ဘာပြောလိုက်တယ် အန်ကယ် ၊ ကျွန်တော်ကအဲ့ကောင်နဲ့လက်ထပ်မှ ဖေဖေ့ရဲ့ အမွေတွေကိုဆက်ခံခွင့်ရှ်ိမယ်ဟုတ်လား? ပြောပါအုံး အန်ကယ်ရဲ့၊ ဖေဖေ့ခေါင်းထဲမှာမသေခင် ဘာတွေရှိနေခဲ့တာလဲ? တရား၀င်သားဖြစ်တဲ့ ကျွန်တော်က ဖေဖေ့ပိုင်ဆိုင်မှုကို ဆက်ခံရဖို့ အရမ်းမုန်းတဲ့သူကိုလက်ထပ်ရမယ်ပေါ့"
ရှောင်းကျန့်က ဒေါသထွက်လာသလို သေတမ်းစာကိုစားပွဲပေါ်ပစ်ချလို့ ထိုင်ရာမှထရပ်လိုက်တယ်။
" ဟုတ်တယ် ရှောင်း ၊မင်းရဲ့ အဖေဘာသဘောနဲ့ ဒီလိုလုပ်ခဲ့လည်းဆိုတာအန်ကယ်မသိပေမယ့် သူမသေခင်မှာ သေတန်းစာကို ရှေ့နေ့သုံးယောက်နဲ့အတူ လက်မှတ်ထိုးချုပ်ဆိုခဲ့တာပါ။
ရှောင်းနဲ့ ရိပေါ် တရား၀င်လက်ထပ်ပြီး တစ်နှစ်ကြာရင်အမွေတွေရဲ့ ဆယ်ပုံတစ်ပုံကို ပိုင်ဆိုင်ခွင့်ရမယ်။ နှစ်နှစ်ကြာရင်နောက်ထပ် ဆယ်ပုံနှစ်ပုံ ပိုင်ဆိုင်ခွင့်ရမယ်။သုံးနှစ်ကြာရင်တော့ အမွေတွေအားလုံးကို ရှောင်းလက်ထဲရောက်မှာပါ။ အဲ့လိုမဟုတ်ရင်တော့ သူဌေးရဲ့ အမွေတွေအားလုံးက ၀မ်ရိပေါ်တို့သားမိဆီတရား၀င် လွှဲပြောင်းပေးရမှာပါ။ သူဌေးရဲ့ အမွေတွေက ရှောင်းနဲ့ လုံး၀ သက်ဆိုင်တော့မှာမဟုတ်ပါဘူး""ဘာတွေလည်းဗျာ၊ ဖေဖေကကျွန်တော့်ကိုစွန့်ပြစ်ခဲ့တာတင်အားမရလို့ အမွေတွေကိုပါ မယားငယ်ရဲ့သားလက်ထဲထည့်ပေးဖို့ကြံခဲ့တာပေါ့။ ဟား....အရမ်းရယ်ရတာပဲ ။ ကမ္ဘာမှာ မိဘ၀တ္တရားအကျေဆုံးက ကျွန်တော့်အဖေဖြစ်လိမ့်မယ့်"
"မင်းတို့သားအဖရဲ့ ဆက်ဆံရေးကိစ္စကိုအန်ကယ့်အနေနဲ့ဘာမှ၀င်ပြောပိုင်ခွင့်မရှိပါဘူး။အန်ကယ်အနေနဲ့က ရှောင်းရဲ့အဖေသေဆုံးပြီးနောက် အမွေတွေကိုသူ့ဆန္ဒအတိုင်း လွှဲပြောင်းပေးဖို့ပါပဲ။ရှောင်းအနေနဲ့ ရိပေါ်နဲ့ လက်ထပ်ပြီးသုံးနှစ်ပြည့်ရင် အမွေကိုတရား၀င်လက်ထဲပိုင်ဆိုင်ခွင့်ရမှာပါ။အဲ့နှစ်တွေအတွင်းမှာ အိမ်ထောင်ရေးဖောက်ပြန်တာမျိုး ကွာရှင်းတာမျိုးလုံး၀မရှိရပါဘူး"