အပိုင်း - ၄၃
{ စုံစမ်းမေးမြန်းရန် ထပ်မံတွေ့ဆုံခြင်း }
ဟယ့်လျန်ရိနောက်မှ လိုက်လာသော ကျိုးကျစ်ရှူးက ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရင်း ဝူးရှီးဘေးနားလာရပ်လိုက်သည်။ သို့သော် မျက်မှောင်အနည်းငယ်ကြုတ်သွားကာ နတ်ဆေးဆရာလေးကို လေးနက်စွာ အကဲခတ်လာသည်။
ကျင်ချီးက အတန်ကြာသည့်အထိ တိတ်ဆိတ်သွား၏။ ဝါဖန့်ဖန့်အသားအရည်နှင့်အတူ မလှုပ်ရှားနိုင်သေးသော မျက်ခွံများ ရှိနေသော်လည်း သူ့နှလုံးသားကမူ တလှပ်လှပ်တုန်ယင်နေခဲ့သည်။ ထိုနေ့တုန်းက အရှေ့နန်းဆောင်တွင် ဟယ့်လျန်ရိဘက်မှ ပြောလိုက်သော ထိုစကားများက သူ့နားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။ ယခုေတာ့ တစ်ခုခုထူးဆန်းနေမှန်း ရေးတေးတေး ခံစား၍ရနေ၏။
ရှင်သန်နေစဥ် ကြုံတွေ့ရသော လောကဓမ္မတာများမှာ ကြီးမားရှည်လျားသော အိပ်မက်တစ်ခုသာ ဖြစ်သည်။ လူ့လောကကမူ အေးစိမ့်သော ဆောင်းဦးအလီလီကို ဖြတ်သန်းခဲ့ရပြီးပြီဖြစ်၏။ နှစ်ပေါင်းသုံးရာရှည်ကြာခဲ့သည့် ချစ်ခြင်းတရားနှင့် အမုန်းတရားများကလည်း အတိတ်နေ့ရက်များ၌သာ ကျန်ရစ်နေခဲ့ပြီဖြစ်သည်။ အစမှသည် အဆုံးသတ်အထိ လက်ဖျစ်တစ်တွက်စာအချိန်လေးထဲ ဖြစ်ပျက်သွားသည့်အလား ၊ နုပျိုငယ်ရွယ်မှုနှင့် လှပသောဆံနွယ်များမှာ ခြောက်ကပ်သော အရိုးစုများသာ ဖြစ်သွားခဲ့သည်။ စစ်သည်တော်တစ်ယောက်၏ ရဲစွမ်းသတ္တိနှင့် ဂီတသမားတစ်ယောက်၏ အနုပညာအမြုတေမှာလည်း ပြာမှုန်များအဖြစ်သာ လွင့်စင်သွားခဲ့၏။
သုံးဘဝကျောက်တုံးဘေးနားတွင် နဂိုမူလတုန်းက ရှိမနေသင့်သော ဧည့်သည်တစ်ယောက်က ခြောက်ဆယ့်သုံးနှစ်ကြာသည်အထိ ထိုဘေးနားတွင် ရှိနေခဲ့သည်။ ခြောက်ဆယ့်သုံးနှစ်တာ တွေးတောချင့်ချိန်ပြီးသည့်နောက်တွင်တော့ ထိုကျောက်တုံးကြီးပေါ်တွင် မည်သည့်အက္ခရာမှ ရှိမနေကြောင်း သူ သိသွားခဲ့သည်။ ကံကြမ္မာမှ ကြိုတင်ဖန်တီးထားသော ဘဝများဟု စွပ်စွဲပြောဆိုကြသော ထိုစကားများမှာ ရယ်မောစရာကောင်းမနေပေဘူးလား။
![](https://img.wattpad.com/cover/265559842-288-k37999.jpg)
YOU ARE READING
အရှင်ခုနစ် [ Completed ]
Historical Fictionချစ်ခြင်းတစ်ခုကြောင့် ခုနစ်ဘဝခုနစ်လီ ကျင်လည်ခဲ့အပြီး နောက်ဆုံးခုနစ်ဘဝမြောက်မှာ ပထမမြောက်ဘဝကို ပြန်ရောက်လာတဲ့ ကျင်ပေယွမ်းဟာ အရင်ဘဝရဲ့ လမ်းဟောင်းအတိုင်းမဟုတ်ဘဲ ရွေးချယ်မှုအသစ်တွေ ပြုလုပ်ခဲ့တယ်။ ဒီရွေးချယ်မှုအသစ်တွေက သူ့ကို အသေဆိုးနဲ့ စောစောစီးစီး မသေရ...