Part [ 12 ]

1.8K 201 44
                                    

နေရောင်သည်ပြင်းပြသဖြင့်ဝန်းကျင်တွင်လေပူတို့ဝေ့ကာနေသည်။ ပူသည်အေးသည်မသိသောသူတစ်ယောက်သည်ကုတင်ထက်တွင်အိပ်မောကျနေဟန်ဖြင့် ဖြူစင်စွာလဲလျောင်းနေရ၏။ နှုတ်ခမ်းများမှာသွေးရောင်အနည်းငယ်သန်း၍မျက်ခွံများမို့အစ်လို့နေသည်။ အိပ်နေရသည်ရက်လများအားတွက်ကြည့်လျှင် တစ်နှစ်ကျော်နေပြီဖြစ်၍သည်လောက်တော့ရှိမည်။ နဖူးပါးနှင့်လည်တစ်လျှောက်အဝတ်လေးနှင့်ပွတ်သပ်သန့်စင်သည်။ ထို့နောက်အဝတ်တို့လစ်လပ်နေသည့်လက်ဖဝါးနုနုကိုလည်းသန့်စင်ပေးသည်။ Jiminနားရောက်လေတိုင်းသူ့ကိုယ်ကိုယ်အပြစ်ရှိသူအဖြစ်ခံစားရစေသည့်ခံစားချက်သည်ယခုတိုင်မပျောက်ကွယ်သေး။ မြင်လေတိုင်းနာကျင်ရသဖြင့်သူ့ဘေးတွင်အချိန်တိုင်းရှိမနေနိုင် ရုန်းထွက်တွန်းလှန်ရမည့်အမျိုးကောင်းသားသမီးများလည်းကျန်သေးသည်လေ။ အခုတော့ jungkook တို့နှင့်တွေ့ဆုံခဲ့၍သူတို့အတွက်လမ်းစပွင့်ခဲ့သည်။ ပြန်နိုးထရန်သာစွမ်းဆောင်ရပေလိမ့်မည်။ သတိပေးထားသည့်အချိန်၃လသည်လည်း မကြာမီတင်းတင်းပြည့်တော့မည်။ မကြောက်ဟုဆိုရာတွင်ထိတ်လန့်မှုတော့ရှိ၏။ တစ်ယောက်တည်းဆိုဖြစ်ချင်ရာဖြစ်ပေမယ့် အခုသူ့တွင်စိုးရိမ်ကြောင့်ကြရမည့်သူများရှိလာသည်။ အခြေအနေတစ်ခုခုကိုတော့သူကြိုတွေးမထားလို့မဖြစ်။

"Jin hyung နေ့လည်စာစားလို့ရပြီ"

အဝတ်တစ်ခုနှင့်ချွေးသုတ်လျက်ထွက်လာသော Namjoonကလှမ်းခေါ်၍ဝရန်တာသို့ထွက်သွားသည်။

"Jungkookထမင်းစားရအောင် Taehyungလည်းပြန်လာတော့မှာ"

Jiminနားမှာရှိသည့် seokjinကိုတောင်နှုတ်ဖြင့်လှမ်းကြွေးကြော်ပြီး jungkookကိုလူကိုယ်တိုင်လာခေါ်ရသည်။ ဟိုနေ့ကကိစ္စကိုသူတို့အားအစာမကြေသဖြင့် jungkook စကားပင်မပြော။ ထို့ကြောင့် အငယ်ဆုံးဖြစ်သူ jungkookကို Namjoonတို့ခယနေရသည်။ လိုအပ်သမျှသွားဝယ်နေသည့် taehyungလည်းမကြာမီပြန်ရောက်လာသည်။ ကုတင်ပေါ်၌လဲနေသူJiminမှအပထမင်းစားဝိုင်းတွင်လူစုံတက်စုံရှိလှသည်။ မချက်တတ်ချက်တတ် Kim Namjoon၏မြိန်ဖွယ်ရာစားစရာများလည်းစားပွဲတွင်အပြည့်။

Steady Principle { Completed }Where stories live. Discover now