Uni#
''မင်းစက်.....မင်းစက်....!!'' ဖိနပ်မပါသောကြောင့် ခြေဖဝါးလေးတို့မှာနီရဲလျက်။ New york ရဲ့ ဘယ်စီဘယ်ဝါမှန်းမသိ တစ်ဦးသောသူကိုရှာဖို့အတွက် ခြေဦးတည့်ရာသွားနေမိသည်။ ဘေးဘီရှိလူတို့က မျက်လုံးစိမ်းတွေဖြင့်ကြည့်လာသည်။ ဒီကောင်လေးဘာလားပေါ့။''မင်းစက်!!!....မင်း....အင့်...'' မိမိ့၏လက်တို့ဆွဲယူချင်းခံလိုက်ရသည်။
''ဟိန်းဇေ.....ဘာလုပ်နေတာလဲ....အိမ်ပြန်ရအောင်...'' ဆွဲထားသောလက်တို့ကို ကုတ်ဖဲ့ကာ ခေါင်းကို အသည်းအသန်ခါရင်း မျက်ဝန်းတို့မှလည်း မျက်ရည်တို့ဖြင့် ငြင်းဆိုနေပြန်သည်။ သူ့ကိုသေချာပေါက်ပြန်တွေ့မှရမည်။ အရင်ကလဲ အလုပ်ကစ္စဆိုပီး ထွက်သွားခဲ့ပီးကာမှ အခုနောက်တစ်ခါ ထွက်သွားခွင့်မပေးနိုင်တော့ပေ။
''ဟင်....ဟင်အင်း....oliver...။ငါ...ငါ...ငါ...သူ့ကို...တွေ့ရမှာဖြစ်မယ်....။ အဟီး...ဟင့်..သူ...ငါ့ကိုစောင့်နေမှာ....။..ဒီ.....ဒီနေ့....သူ...ငါ့ကို....ငါ့ကို....လက်ဆောင်ပေးမယ်တဲ့....။ အာ့......အာ့တာ....''
''တော်ပီ.....ဟိန်းဇေ.....!!! စိတ်ကိုအေးအေးထားစမ်း.....။ ငါ သူ့ကိုရအောင်ရှာပေးမယ်လို့....ကြားလား....။ ငါ့ကိုတည့်တည့်ကြည့်....'' ပြာတိပြာယာဖြင့် ဂဏာမငြိမ်ဖြစ်နေသော ဟိန်းဇေ၏ မျက်နှာကို လှမ်းကာ ဆွဲလှည့်လိုက်သည်။ တည့်တည့်ကြည့်ချင်သော်လည်း အရပ်က ပုနေတာကြောင့် ဟိန်းဇေကိုပဲ ငုံခိုင်းရတော့သည်။
''မင်းတို့နှစ်ယောက်ကိုလဲ ငါ ပေးမခွဲနိုင်ဘူး။ Jhonကလဲ ငါတို့နဲ့အတူတူရှိနေမှာ။ သူ ငါတို့ကို ဘယ်တော့မှထားမသွားဘူးလို့ယုံတယ်။ အာ့တာကြောင့် သူ တစ်နေရာရာမှာ အသက်ရှင်လျက်ရှိနေအုံးမှာ....။နော်.....''
အဲ့တော့မှ မျှော်လင့်ခြင်းအရိပ်အယောင်တို့ဟာ ဟိန်းဇေ၏ မျက်ဝန်းတို့တွင် ဖြတ်သန်းသွားလျက်။ မျက်ရည်တို့ကို လက်ဖဝါးလေးနှင့်သုတ်ပီး တစ်ရှုံရှုံ လုပ်နေသည်က မုန့်မရလို့ ဂျီကျနေသော ကလေးလေးလိုပါပင်။
''လာပါ...ပြန်ရအောင်နော်....''
~~~~~~~~~~
ဒေါက်....ဒေါက်....
YOU ARE READING
The love on you💜
AcciónInvisible loveရဲ့ secondအတွဲဖစ်တဲ့ မင်းစက်နဲ့ ဟိန်းဇေတို့ကို The love on youမှာ ပြန်တွေ့ရမှာဖြစ်ပါတယ်။