[Unicode]
အောက်တိုဘာလရဲ့နောက်ဆုံးနေ့။တစ်နည်းအားဖြင့် Halloween Day။
အိမ်ပြန်လမ်းတစ်လျှောက်ကဖရုံသီးခေါင်းအရုပ်တွေနဲ့တစေၦသရဲအရုပ်တွေနဲ့အလှဆင်ထားသည့်လမ်းတွေကိုအကြိမ်ကြိမ်ဖြတ်ခဲ့ရသည်။ကိုယ့်တိုက်ခန်းနားရောက်တော့လဲဝတ်စုံတွေဝတ်ပြီးသကြားလုံးတောင်းနေသောကလေးများကိုတွေ့ရသည်။ဒီလိုညမျိုးမှအလုပ်ကနေချွေးသံတလုံးလုံးနဲ့ပြန်လာတဲ့ကိုယ့်ကိုယ်ကိုတောင်နည်းနည်းစိတ်ပျက်မိသွားသလို။
တော်ပြီ ရေမိုးချိုးပြီးအေးဆေးနှပ်တော့မယ်။
လှေကာထပ်တွေကိုပျင်းရိစွာတက်လာပြီးဒီနေ့ဘာကားကြည့်ရမလဲစဉ်းစားနေချိန်တတင်းတင်းတတောင်တောင်နဲ့ဖုန်းမှမက်ဆေ့ချ်များဝင်လာသည်။နာမည်ကြည့်တော့နမ်ဂျွန်ဆန်းဘေး။ညစာစားဖို့လာဆိုပဲ။အယ် နမ်ဂျွန်ေ
ဆန်းဘေးဟင်းချက်တတ်တယ်လို့တစ်ခါမှမကြာဖူးပါဘူး။ဒါနဲ့ရုံးမှာလဲပြောလဲရရဲ့သားနဲ့ကို။ဘယ်သူတွေနဲ့လဲဆန်းဘေး*
Reply သိပ်မကြာတဲ့ဆန်ဘေးကချက်ချင်းပဲစာပြန်လာတယ်။
ကိုယ့်အသိမိတ်ဆွေတွေနဲ့ကိုယ့်မေမေကအိမ်မှာချက်တာလေ 7 နာရီခွဲလောက်ထွက်ခဲ့*
အင်း ဆန်းဘေး*
ဖုန်းပိတ်ချပြီးတာနဲ့အိမ်ထဲပြေးဝင်ပြီးရေအမြန်ချိုးရတော့တယ်။အခုက 6 နာရီခွဲ။ညစာစားပွဲက 7 နာရီခွဲဆိုတော့ ပြင်ဆင်ချိန်က 1 နာရီလောက်ရပေမယ့်ကိုယ့်ကစောရောက်နေတာမျိုးဖြစ်ချင်တာ။အချိန်မလေးစားတာမျိုးတွေနည်းနည်းလေးမှမဖြစ်ချင်ပါပေ။
ရေချိုးပြီးတော့လဲဝတ်စရာကိုဗီရိုထဲကလှန်လှောရသေးသည်။အဖြူ၊အနက်၊မီးခိုး ဒါတွေချည်းပဲထပ်နေတဲ့အထဲကဘယ်တုန်းကမှန်းမသိတဲ့အနက်ရောင်ဂါဝန်ရှည်တစ်ထည်ကိုရှာတွေ့တယ်။ဒါလဲမဆိုးပါဘူးဆိုပြီး မှန်တင်ခုံရှေ့ပြေးထိုင်ဟိုဟာပြင်ဒီဟာပြင်နဲ့လူကရုပ်နည်းနည်းထွက်လာတယ်။အဆုံးသတ်အနေနဲ့နီးဆွေးနေတဲ့နှုတ်ခမ်းနီအနီရောင်ကိုဆိုးပြီးတဲ့အခါမှာကိုယ့်ပုံစံကဟောလိုးဝင်းမှာသရဲမကြီးတစ်ကောင်လို။အင်း လှနေပြီ။

YOU ARE READING
ɢᴀᴍᴇ sᴛᴀʀᴛ !
Fanfiction[ᴀ. ᴊᴊᴋ ғᴀɴғɪᴄᴛɪᴏɴ] . . . . . ᴡᴀʀɴɪɴɢ! Tʜɪs ғᴀɴғɪᴄᴛɪᴏɴ ʜᴀs ʙʟᴏᴏᴅʏ scenes! sᴛᴏʀʏ ʙʏ @Junghwabel094 ᴄᴏᴠᴇʀ ᴘʜᴏᴛᴏ ʙʏ @Min_Avarsorin✨