အပိုင်း - ၄၄ { ပြစ်တင်ရှုံ့ချရန် ရောက်ရှိလာသော ထောက်လှမ်းရေးအဖွဲ့များ }

3.4K 755 206
                                    

အပိုင်း - ၄၄

{ ပြစ်တင်ရှုံ့ချရန် ရောက်ရှိလာသော ထောက်လှမ်းရေးအဖွဲ့များ }

နန်နဥ်မင်းသားကျင်ပေယွမ်းမှာ တကယ်အချစ်ခံရသော လူသားဖြစ်သည်။ ဧကရာဇ်အပါအဝင် အိမ်ရှေ့စံမင်းသားကပါ သူ့နောက်မှ  ပံ့ပိုးကူညီပေးတတ်သဖြင့် နန်းမြို့တော်တစ်ခွင် အမြဲပြေးလွှားလျှောက်လည်နေတတ်၏။ ပထမမင်းသားကြီးနှင့် ဒုတိယမင်းသားကြီးမှာ အကြောင်းရင်းကိုယ်စီ​နှင့် ထိုမင်းသားငယ်အား ခါးခါးသီးသီးပင် မုန်းတီးနေခဲ့သည်။ သို့သော် ယခုတစ်ခေါက်တော့ သူတို့လည်း ကျင်ပေယွမ်းအား ဘယ်လိုမှ နားမလည်နိုင်တော့ပေ။

ထိုသူက ရုတ်တရက်ကြီး နေအိမ်အကျယ်ချုပ်ကျသွားခဲ့လေပြီ။

နန်းတော်တွင်းရှိ နေရာတိုင်းဝယ် လျို့ဝှက်ချက်များ ရှိနေတတ်သောကြောင့် အရာရာတိုင်းက လျို့ဝှက်ချက်များဖြစ်မနေတော့ပါ။ ထို့အပြင် ဟယ့်လျန်ဖေ့က ထိုအပျော်မယ်အကြောင်း စုံစမ်းရန် ချက်ချင်းအမိန့်ပေးခဲ့သည်။ ကျင်ချီးရွှေ့လိုက်သော ဤအကွက်မှာ ရုတ်တရက်ကြံစည်လိုက်သော လက်တန်းအကွက်များဖြစ်၏။ မလုပ်သင့်မလုပ်ထိုက်ဟု တားမြစ်ထားသည့် (ဝတ်ရုံလက်ပြတ်)ကိစ္စများကို အားနာပါးနာ ရှောင်ရှားခြင်းပင် မပြုခဲ့။ ထိုအကြောင်းကြောင့်ပင် နန်နဥ်မင်းသားက ဘာအကြောင်းကြောင့်များ သုံးလတိတိ နေအိမ်အကျယ်ချုပ် ကျသွားရပါသနည်းဟူသော အကြောင်းရင်းက နန်းမြို့တော်တစ်ခွင်လုံးအား ပျံ့နှံ့သွားခဲ့သည်။

ဟုတ်ပါသည်၊ လူအများကြား အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့လို့။

အရှေ့နန်းဆောင်ဝယ် ဟယ့်လျန်ရိသည်လည်း ကြွေခွက်တစ်ခုအား ဒေါသတကြီး ဆုပ်ကိုင်ဖျစ်ညှစ်လိုက်လေရာ ကွဲသွားသော ကြွေထည်အပိုင်းအစများမှာ သူ၏နူးညံ့သောလက်အား ပြတ်ရှသွားစေခဲ့ကာ သွေးတတောက်တောက်ကျဆင်းလာစေခဲ့သည်။ သူ့ဘေးနားရှိ နန်းတွင်းရံရွှေတော်ငယ်များမှာ အလွန်ပင်ထိတ်လန့်သွားကြကာ အချို့ကလည်း နန်းတွင်းသမားတော်ကြီးများအား အပြေးအလွှားသွားခေါ်ကြလေသည်။ အချို့ကလည်း ဒူးထောက်လိုက်ကြကာ သူ့လက်ကိုဖြေပြီး ကြွေထည်အပိုင်းအစများကို ဖယ်ရှားပေးလိုက်ကြသည်။ သို့သော် သူမတို့ ဘာသန့်ရှင်းရေးမှ မလုပ်ရသေးခင် ဟယ့်လျန်ရိက ထိုရံရွှေတော်များအား တွန်းထုတ်လိုက်ကာ ချက်ချင်းထရပ်လိုက်ပြီး အပြင်သို့ ထွက်သွားတော့သည်။

အရှင်ခုနစ် Where stories live. Discover now