//Just a moment//

252 22 2
                                    

21 နာရီလောက် လေယျာဉ်စီးပြီးသည့်နောက်မှာ
ကိုရီးယားနိုင်ငံသို့ သူရောက်ရှိခဲ့ပြီ။
အမိမြေကို‌ပြန်ရောက်ပေမဲ့ အရင်ကလောက်ရွှင်ရွှင်လန်းလန်းရှိမနေပါ

ပျော်သည် ၀မ်းနည်းသည် စိတ်ခံစားချက်နှစ်ခုပေါင်းစုံ၍
မျက်နှာမှာ ခံစားချက်မရှိသည့် မျက်နှာမျိုးဖြစ်လာသည်

အငှားယာဉ်တစ်စီးကိုခေါ်၍ အမြဲအမှတ်ရသော နေရာသို့ ဦးတည်သွားလိုက်သည်။

6နှစ်အတွင်း တောင်ကိုရီးယားသည် တော်တော်ပြောင်းလဲလာပါသည်။
အရှိန်ဖြင့်မောင်းနေသော ကားများကြားတွင် ကျတော်စီးသော အငှားယာဉ်လေးကတငြိမ့်ငြိမ့်သာသွားနေသည်။

အထပ်မြင့်တိုက်ကြီးများနှင့် တောင်ကိုရီယားသည် လွန်ခဲ့‌သော 6နှစ်လောက်ကထက်အများကြီးပိုလှလာပါသည်။

"ချွှင် ချွှင် ချွှင်"

ဆိုင်ရှေ့က တံခါးဖွင့်သံကြားတော့ ဆော့ဂျင်တစ်ယောက် ဆိုင်ရှေ့သို့ထွက်လာလိုက်သည်။

မြင်လိုက်ရသည်က သူလွမ်းနေသော သူ၏ညီငယ် အမောင်ဂျောင်ဂု

"ရောက်တောင်ရောက်လာပြီလား
တောင်းပန်ပါတယ် Hyung လည်းလုံး၀မအားတော့
လာမကြိုမိဘူး"

"မဟုတ်တာ ဒီအတိုင်းလဲ    

အဆင်ပြေပါတယ်"

ငြိမ်သက်သွားတဲ့ စကားဝိုင်းကို hyung ကကြိုက်ပုံမပေါ်ဘူး

"ထွားလာလိုက်တာ အထက်တန်းကျောင်းသားလေး ဂျောင်ဂုမှဟုတ်ရဲ့လား"

"အင်းး အရပ်တွေအများကြီးရှည်လာတာနော်"

"ကြည့်ပါအုန်း ငါ့ကိုတောင်ချီနိုင်နေလောက်ပြီ"

သူ့ရဲ့ ရင်ဘတ်ကြွက်သားတွေကိုကိုင်ကြည့်ပြီး ဟျောင်းက ပြောလာသည်။

"ဆိုင်ရှေ့က နေကြာနှစ်ပင်က?"

"အာအာ့တာလား နမ်ဂျွန်းပေါ့ သူနဲ့အတူတူ နေကြာနှစ်ပွင့်ပျိုးရအောင်ဆိုပြီး လာလုပ်တာနဲ့
စိုက်ဖြစ်သွားတာ လှတယ်မလား?"

"အင်း လှတယ်"

Hyung ကအချိန်တစ်ခုစာအထိမျက်မှောင်ကျုံ့ပြီး သူ့ကိုကြည့်သည်

Just a momentWhere stories live. Discover now