ရိပေါ် ကိုးရီးယားကိုရောက်တာ ဒီနေ့နဲ့ဆို (၂)ပတ်ပြည့်ပြီ...ပြိုင်ပွဲက ရှေ့အပတ်ဆို စတော့မှာမို့ ရိပေါ်အသဲအသန်ကြိုးစားမိတယ်...ဘ၀မှာအပျော်ရွှင်ရဆုံးအရာကို ပြပါဆိုရင် ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်ချစ်တာမျိုးနဲ့ ကိုယ်ဝါသနာပါတဲ့အလုပ်ကို လုပ်ခွင့်ရတာဘဲ...
ချစ်ရတဲ့သူလေးကတော့ သူ့ကိုပစ်ထားတယ်...
ဖုန်းဆက်လည်းမကိုင်ဘူး...စာပို့တော့လည်း seenပြပြီးပြန်မပို့ဘူး...ကိုယ်ပို့တဲ့စာလေးတွေကို ဖတ်တယ်ဆိုရုံနဲ့တင် ပီတိတွေနဲ့ ရင်ပြည့်နေရပါပြီ...ဖုန်းကြီးကြည့်ပြီး တစ်ယောက်ထည်းပြုံးနေသော ရိပေါ်ကို ဟောက်ရွှမ်းငေးနေမိတယ်...
တစ်မိုးအောက်တစ်ယောက် ဝမ်ရိပေါ်က အခုလိုနူးနူးညံ့ညံ့ ပြုံးတတ်သေးသလား...ဟောက်ရွှမ်းလည်း ငေးနေရင်းဘယ်လောက်ကြာသွားမှန်းမသိ ဘေးကဧည့်သည် ချောင်းဟန့်မှ အသိစိတ်တို့က ပြန်ရောက်လာခဲ့တယ်...
"ရိပေါ်...လာဉီး.."
"အော် ဟောက်ရွှမ်း..ဘာကိစ္စလည်.."
"ဒီမှာ မင်းနဲ့မိတ်ဆက်ပေးမလို့...
ညီမလေး သူ့နာမည်က ဝမ်ရိပေါ်တဲ့ Treacer85လေ...""ဟုတ် သိတာပေါ့...မိန့်မိန့်ကအစ်ကို့ကို အရမ်းသဘောကျတာလေ.."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်.."
"ရိပေါ်...သူက ပိုင်လင်းမိန့်တဲ့ ငါတို့ YAMAHA တရုတ်ရုံးခွဲက CEO ရဲ့ သမီးလေ.."
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ဒါနဲ့ ဘာကိစ္စရှိလို့လည်းမသိဘူး..."
ရိပေါ်ထိုကောင်းမလေးကို တစ်ချက်ကြည့်လိုက်တယ်...ချစ်စရာကောင်းပါတယ်...ဒါပေမယ့် တစ်ယောက်သောသူကိုတော့ မယှဉ်နိုင်ဘူး
"ဒီလိုပါ အစ်ကိုကမိန့်မိန့်ရဲ့ idol လေ ဒါကြောင့် အစ်ကိုနဲ့ခင်ချင်လို့...နောက်ပြီး အကို့အကြောင်းကိုလည်း ပါးပါးကိုပြောပြတော့ ပါးပါးကတွေ့ကြည့်ချင်တယ်ဆိုလို့..."
"အော်..စိတ်တော့မရှိနဲ့နော် ညီမ...ကျွန်တော် အခုထိနားမလည်သေးဘူး..ဘာကိုပြောချင်တာလည်းမသိဘူး..."
ကြားထဲကဟောက်ရွှမ်းက စိတ်မရှည်တော့...
"ဒီလိုကွာ မိန့်မိန့်က မင်းကိုအရမ်းသဘောကျတော့ မင်းပြိုင်ပွဲတွေအကြောင်း ကြည့်ရင်းကနေ မင်းရဲ့စိတ်အားထက်သန်မှု့နဲ့ မင်းရဲ့ အလားအလာကြည့်ပြီး မိန့်မိန့်က သူ့ပါးနဲ့ မိတ်ဆက်ပေးချင်တာ...သူပါးက လက်ခံတယ်ဆိုရင် မင်း level က so high သွားလိမ့်မယ်.."
YOU ARE READING
Infinity...(Complete)
Fanfictionသဘာ၀ကို ဆန့်ကျင်ပြီးချစ်ခဲ့ကြလို့ ကျွန်တော်တို့ အချစ်က သာမာန်ချစ်သူတွေထက်ပိုတယ်ဆိုတာ ကိုကိုလက်ခံလား...? Start date - (30.9.21) End date - (3.12.21)