Unicode Ver
(12)ပြန်လည်ဆုံတွေ့ကြခြင်း"သမီးနော် ကလေးအမေဖြစ်နေတာတောင် အကျင့်ကိုမပြင်ဘူး တစ်ခုခုဆို လုပ်ချင်ရာလုပ်တတ်တာ
မကောင်းဘူးနော်ကြားလား""ဟုတ်ကဲ့ပါ မေမေရယ်"
ပိုးပိုး အိမ်ကိုပြန်လာတာအသိမပေးလို့သူမ မိဘတွေ
ဆီကနေ အဆူခံနေရတယ်လေ ကလေး၂ယောက်ကတော့ အပေါ်ထပ်မှာ မင်သား
ကြီးနဲ့ဆော့နေကြတယ်လေ"သမီး ဖေဖေတို့နဲ့ဘာလို့ လာမနေဘဲ အိမ်ဝယ်လိုက်
ရတာလဲ ဖေဖေတို့ကို စိတ်ဆိုးေ.....""မဟုတ်ပါဘူး ဖေဖေရယ် သမီးကပြန်လာပြီးချင်း
ကလေးတွေနဲ့ဆိုတော့ အိမ်ကိုမဝင်ထွက်ချင်လို့ပါ
ဖေဖေတို့ကအဆင်ပြေတယ် ပြောနေပေမဲ့ မေမေတို့
ဖေဖေ တို့ရဲ့အလုပ်တွေကလဲရှိသေးတယ်လေ ""အင်းပါ...ဒါနဲ့သမီးဖေ့ဖေ့ကုမ္ပဏီမှာလာလုပ်မလား"
"ဟဲဟဲ ဖေဖေနောက်ကျသွားပြီ သမီးဆရာ၁ယောက်
ကအကူအညီတောင်းထားတာရှိလို့ သူ့အသိကုမ္ပဏီမှာ Secretary အဖြစ်အလုပ်လုပ်မလို့ ပြောပြီးသွားပြီ""အော် အဲ့လို့လား"
"အိလေး အဲ့တော့ကလေးတွေကိုဘယ်သူကထိန်းမှာ
လဲကွယ် မေမေတို့ဆီပို့ထားမလား""အဲ့တာကရတယ်မေမေ မနက်ကိုမူကြိုပို့ထားမလို့မေမေ ပြီးတော့အရှေ့ခန်းမှာလဲရတီရှိတယ်လေ
ရတီ့အသိ ဆရာမကိုလဲငှါးထားတယ်မေမေ""ဒါနဲ့ ဆရာမဆိုတော့ .."
"မေမေစိတ်ပူတာမဖြစ်ပါဘူး သူတို့လေးတွေရဲ့မူကြိုကဆရာမဘဲလေ ယုံကြည်ရပါတယ်သမီးတွေ့ကြည့်ပြီးသွားပြီ အသက်ကတော့၃၀ကျော်လောက်ရှိတယ် သူ့အမျိုးသားကတော့နယ်မှာလေ"
"အင်းပါသမီး အဆင်ပြေတယ်ဆိုလဲပြီးတာပါဘဲ
မေမေတို့အိမ်လဲကလေးတွေကိုလာခိုင်းပါအုံး""ဟုတ်ကဲ့ပါ သမီးဆရာမကိုလဲမှာထားပါ့တယ်"
"တို့အမကမတွေ့ရတာကြာလေပိုလှလာသလိုပဲနော်
လိုက်တဲ့သူတွေ ပေါ်မယ်ထင်တယ်""ဟုတ်ရဲ့လား မင်းသားရဲ့ မင်းသားလောက်တော့
popular မဖြစ်ဘူးထင်တာပဲလေ"
"ကလေးတွေရော"
YOU ARE READING
မေ့မရနိုင်သူ
Romanceသစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာပေါ့... သစ္စာဖောက်မှု၊ခေါင်းမာမှုတွေကြောင့်သေဆုံးခဲ့ရသောသူမ ဒုတိယအကြိမ်ရှင်သန်လာရချိန်မှာတော့.......