Part 2. He starts to believe in fairytales

631 74 3
                                    

နိုးထလာတဲ့အချိန် ခံစားရတဲ့ ​အေးစက်စက်ရာသီဥတုဒဏ်က သိပ်​တော့ သ​ဘောကျစရာ ​ကောင်းမ​နေ။ ​လေးလံ​နေတဲ့မျက်လုံးအစုံကို ပြည့်ပြည့်ဝဝဖွင့်လိုက်နိုင်ဖို့ မကြိုးစားမိ​ဘဲ မကျယ့်တကျယ် ကုတင်ကြီးရဲ့ တစ်ဖက်ခြမ်းကိုပဲ လက်နဲ့စမ်းကြည့်လိုက်တယ်။

သူ​ပွေ့ဖက်ထားချင်​သေးတဲ့ ခန္ဒါကိုယ်ငယ်​လေးက ရှိမ​နေ​တော့​ပေမဲ့ အ​နွေးဓါတ်ခပ်ပါးပါး​က​တော့ ထင်ကျန်​နေတုန်းပဲ။ သစ်သီးရနံ့နဲ့ဆင်တဲ့ ကိုယ်သင်းရနံ့သင်းသင်းက​လေးဟာလည်း သူလူးလှိမ့်ရင်း မျက်နှာအပ်မိလိုက်တဲ့ ​ခေါင်းအုံးငယ်ပေါ် စွဲကျန်နေတုန်း။

ကုတင်​ပေါ် အားယူပြီး ထထိုင်လိုက်​တော့ ​ပေါင်မုန့်နဲ့ ကြက်ဥ​ရောပြီး ဆီပူပူထဲ ထည့်​​ကြော်ခံ​နေရတဲ့ အရိပ်အ​ယောင်ပါဝင်တဲ့ အနံ့တစ်ခုက သူ့နှာဖျားကို လာ​ရောက်ကျီစယ်​နေပါရဲ့။

သူ့ဆံစ​တွေကြား လက်​ချောင်းထိပ်က​လေး​တွေက ​ပြေးဝင်ဆွဲဖွလိုက်ပြီး​နောက် မီးဖို​ချောင်ရှိရာဆီကို ​လေး​လေးလံလံ​လျှောက်သွား​တော့ ဒယ်အိုးတစ်လုံး၊ ​ယောက်ဇွန်းတစ်​ချောင်းနဲ့ အလုပ်ရှုပ်​နေတဲ့ အဖြူ​ရောင်အရိပ်​လေးက ဆီးကြိုတယ်။ တံခါး​ပေါင်ကို ​လျော့ရဲရဲမှီရင်း ​ငေးကြည့်​နေမိ​ပေမဲ့ ကာယကံရှင်က​တော့ သူ့ဆီကို အာရုံပါးပါး​လေး​တောင် စိုက်မလာခဲ့။

အနှီ​ကောင်ငယ်​လေးခန္ဒါကိုယ်​ပေါ်က ​ပေါင်ရင်းအထိသာ လုံခြုံမှု​ပေး​နိုင်တဲ့ အဖြူ​ရောင် ရှပ်ပွပွကိုသတိထားမိ​​တော့ သူခပ်ဖွဖွပြုံးလိုက်မိတယ်။ ဒါ..မ​နေ့က သူအလုပ်ကိုဝတ်သွားခဲ့တဲ့ ရှပ်အင်္ကျီပဲ။

မနက်နိုးလာရင် ကုတင်​ဘေးပြန့်ကျဲ​နေတဲ့ အဝတ်အစား​တွေထဲ သူ့ကိုယ်ပိုင်အင်္ကျီအဝတ်အစားထက် ခန္ဒါကိုယ်​ပေါ် ​နေရာမကျ ပွ​ယောင်း​ယောင်းဖြစ်​နေမယ့် Minho ရဲ့ အင်္ကျီ​တွေကိုသာ ​ရွေးယူပြီး ​ကောက်စွပ်ထားတတ်တာဟာ ဒီ​ကောင်​ငယ်​​လေးရဲ့အကျင့်ဖြစ်လာတယ်။ သူတို့ရဲ့ပထမဆုံးမနက်ခင်းမှာ ခန္ဒါကိုယ်​ပေါ်အဝတ်စမကပ်ဘဲ ​ကော်ဖီတစ်ခွက်ကို ကျုံ့ကျုံ့က​လေးထိုင်​သောက်​နေတဲ့ မြင်ကွင်းအ​ပေါ် "အ​အေးပတ်မယ် အင်္ကျီတစ်ထည်ဖြစ်ဖြစ်ဝတ်ထားပါလား" လို့ Minho မှတ်ချက်​ပေးမိရာကစပြီး ဒီလိုအကျင့်ကို ​ကောင်ငယ်​လေးက ​မွေးမြူလိုက်တယ်ထင်ပါရဲ့။

Payphone || Minsung Short Story||Where stories live. Discover now