ကျွန်တော့်အသက်၄၀ပြည့်ပြီ ၅နှစ်အရွယ်သားလေးတစ်ယောက်လဲ ကျွန်တော်တို့ဆီမှာရှိတယ် လုံးဝပြည့်စုံတဲ့မိသားစုလေးပါ..မောင်ကအားတွေပိုပိုသန်လာတယ် အသက်၃၀အရွယ်ဆိုတော့ သန်စွမ်းဖျက်လက်မှုတွေနဲ့ ပြီးပြည့်စုံတဲ့အရွယ်ပေါ့ပိုပိုပြီး ချောလာတာကြောင့်လဲ ကျွန်တော်စိတ်မချဘူး သူ့ဆန္နတွေကို ဘယ်အချိန်ပဲဖြစ်ဖြစ်ကျွန်တော် မလွန်ဆန်ဘူး အသက်ကြီးလာလေသူ့အပေါ် ပိုပြီးပိုင်ဆိုင်လိုစိတ်ကြီးလာလေပဲ ရှိသမျှအင်အားနဲ့ဆက်ပြီးဆွဲထားဦးမှာပဲ သူကလဲအခုထိ ကျွန်တော်နဲ့သားလေးအပေါ်မှာအချစ်မလျှော့ပါဘူး....ကျွန်တော်အတွေးတွေအသုံးသတ်ပြီးသားလေးကိုကျောင်းကြိုဖို့သွားလိုက်တယ်..
"ရိကျန့်လေး"
"ပါပါး"
"ပျော်ရဲ့လားသားသား ကျောင်းတတ်ရတာ"
"ဟုတ်ပါပါး"
"လိမ္မာလိုက်တာ သားလေးက"
"ရေခဲမုန့်ဝယ်ကျွေးနော် ဟုတ်ပါပြီ"ရှောင်ကျန့်အိမ်ပြန်ရောက်တော့သားလေးကို ရေချိုးပေးပြီး ထမင်းကျွေးတယ်..ပုံမှန်ဆိုရိပေါ်ဒီအချိန်ပြန်ရောက်နေပြီ အခုပြန်မရောက်သေးဘူး ရှောင်ကျန့်တမျော်တမျော်နဲ့ အပြင်ကိုတကြည့်ကြည့်ဖြစ်နေတယ်...
"ပါပါး ဒယ်ဒီပြန်မလာသေးဘူးလား.သားသားနဲ့အိမ်စာလုပ်ပေးပါဦး"
"အင်း သားလေးပါပါးလာပြီ"ရှောင်ကျန့်နဲ့သားလေး နှစ်ယောက်သားစာလုပ်ပြီးသွားတာတောင်ရိပေါ်ကပြန်မလာသေး .ဒါနဲ့သားလေးကအိပ်ချင်ပြီဆိုလို့ သူ့အခန်းလေးထဲသိပ်လိုက်တယ် ဒီမှာကဒီလိုပဲ ကလေးတွေကိုသီးသန့်အခန်းလေးနဲ့ထားလေ့ရှိကြတယ်.
ခနကြာတော့ တောင်ကုန်းလေးအောက်ဖက်က ကားသံလေးကြားလိုက်ရတယ်.…ရိပေါ်ပြန်လာပြီ...
YOU ARE READING
Rough! 🔞(Completed)