Prologue

2 0 0
                                    

[ပျက်စီးယိုယွင်းနေတဲ့ ကမ္ဘာမြေကြီးပေါ်မှာ အသက်ရှင်လွတ်မြောက်နိုင်ဖို့ နည်းလမိးက သုံးမျိုးရှိတယ် ။ ဒါပေမဲ့ ကျွန်တော်ကတော့ နည်းနည်းပါးပါး မေ့နေပြီဆိုပေမဲ့ သေချာတာတစ်ခုကတော့ အခု ဒါကို ဖတ်နေတဲ့ ခင်ဗျားကတော့ သေချာပေါက် အသက်ရှင်လွတ်မြောက်နိုင်ကြလိမ့်မယ် ။

-ကမ္ဘာပျက်တွင်အသက်ရှင်လွတ်မြောက်နို်ငသောနည်းသုံသွယ်]

သူ့ရဲ့စမတ်ဖုန်းအဟောင်းရဲ့ screen ပေါ်မှာ
ဝတ္ထုတစ်ခုနဲ့ ပြည့်နေသည် ။ သူ့ရဲ့ဖုန်းscreen ကို အပေါ်အောက် ဆွဲချလိုက် ပြန်လုပ်မိတယ်။
သူအဲ့လိုလုပ်နေမိတာ ဘယ်နှစ်ကြိမ်တောင် ရှိနေပြီလဲ?

"တကယ်ကြီးလား?ဒါကတကယ်ပြီးသွားပြီပေါ့?"

သူနောက်တစ်ခါ ထပ်ပြီး ကြည့်လိုက်တယ် ။ "ပြီးဆုံး" ဆိုတဲ့ စကားလုံးကမှားနေတာမဟုတ်ဘူး။

ဝတ္ထုက ပြီးသွားပြီ။

...

[ကမ္ဘာပျက်ထဲတွင် အသက်ရှင်ရန် နည်းလမ်းသုံးသွယ်]

Author -tls123

3149 chapters

'ကမ္ဘာပျက်ထဲတွင် အသက်ရှင်ရန် နည်းလမ်းသုံးသွယ်' ဆိုတာက အခန်းပေါင်း 3149 ခုပါဝင်တဲ့ စိတ်ကူးယဥ်ဆန်ဆန် ဝတ္ထုတစ်ပုဒ်ဖြစ်သည်။
သူ့ရဲ့အတိုကောက်နံမည်က
"ရှင်သန်ခြင်းလမ်းစဥ် "ဖြစ်သည်။

သူဒီဝတ္ထုကို အလယ်တန်းတတိယနှစ်ကတည်းက စပြီး ဖတ်ခဲ့တာဖြစ်သည် ။

အလယ်တန်းကျောင်းမှာ  အနိုင်ကျင့်ခံခဲ့ရတဲ့အချိန်​တွေ ၊ အဆင့်မြင့်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေမှာ ကျရှုံးခဲ့ရတဲ့ အချိန်တွေ ၊
စစ်မှုထမ်းတဲ့အချိန် သောက်ကျိုးနည်း နံပာတ်မှားခေါ်မိပြီး စစ်တပ်မှာ ရှေ့တန်းထွက်ခဲ့ရတဲ့လူတွေထဲ ပါသွားခဲ့ရတဲ့ အချိန်တွေ ၊
အလုပ်တွေကို မရေမတွက်နိုင်အောင် ပြောင်းခဲ့ရပြီး နောက်ဆုံး ကုမ္ပဏီကြီးတစ်ခုရဲ့ ဌာနခွဲတစ်ခုမှာဝန်ထမ်းအဖြစ် အလုပ်လုပ်နေရတဲ့အချိန်ထိ.. သောက်ကျိုးနည်း.. ထားပါတော့ ဒီအကြောင်းတွေ ပြောနေတာ ရပ်လိုက်ကြစို့..

You've reached the end of published parts.

⏰ Last updated: Oct 21, 2021 ⏰

Add this story to your Library to get notified about new parts!

Three Ways to Survive In ruined word. (MM translation)Where stories live. Discover now