June 20....
ထုံးစံအတိုင်းဘဲမိုးတွေရွာနေခဲ့တယ်လေ...
အရင်အတိုင်းပါဘဲ ထီးမေ့ခဲ့တာမဟုတ်ဘဲတမင်ထီးမယူတတ်တဲ့ခိုင်ကတော့ မိုးရွှာထဲကိုအပြေးအလွှားနဲ့သွားရမဲ့အစားပုံမှန်ထက်နှေးတဲ့ခြေလှမ်းတွေနဲ့သော့အထပ်ထပ်ခပ်ထားတဲ့ခိုင်တို့အိမ်လေးဆီကိုမိုးရေစက်လက်နဲ့ေလျာက်လာခဲ့ပြီ....
ဪ..ခိုင် မှားသွားတယ် မောင်..ခိုင်တို့အိမ်လေးမှမဟုတ်တော့တာ မောင်ခိုင့်ကိုထားခဲ့တဲ့ပိုင်ရှင်မဲ့အိမ်လေးဖြစ်နေတာဒီနေ့နဲ့ဆို၃နှစ်တင်းတင်းပြည့်ခဲ့ပြီပေါ့နော်...
ဒီနေ့...ဟုတ်တယ်ဒီနေ့ပေါ့ ဒီနေ့က...
ခိုင့်မွေးနေ့ မောင်နဲ့ခိုင်စရင်းနှီးခဲ့တဲ့နေ့
ခိုင်မောင့်ချစ်သူစဖြစ်ခဲ့တဲ့နေ့.. အမှတ်တရတွေအများကြီးရှိတဲ့နေ့ ပြီးတော့...မောင်ထားသွားတဲ့နေ့..မောင်ရေ June 20 တွေမှာမောင်ရောလွမ်းနေခဲ့ရလားလို့ မတွေးရဲပါဘူးမောင်ရယ် မောင်ခိုင့်ကိုသတိမရလောက်ပါဘူးလို့တစ်ခါတွေးမိတိုင်း ခိုင်ရူးသွားသလိုဘဲမောင်...
တခြားရက်တွေမှာမောင့်ကိုသတိမရဖို့အာရုံလွှဲနိုင်အောင်ကြိုးစားခဲ့ပေမယ့် ဒီနေ့ရောက်တိုင်း ခိုင် ဒီအိမ်လေးဆီကိုဘဲခြေလှမ်းတွေလှမ်းခဲ့တယ်မောင် အရှက်မရှိ မောင်ရောက်လာမလားလဲမျှော်နေမိသေးတယ်လေ မောင်သိရင်တော့ မောင်သာခိုင့်ကိုချစ်နေသေးရင် ခိုင်ကတော့ကွာ ဆိုပြီးအရင်လိုရယ်မောပြီးပီတိဖြစ်နေမှာလား ဒါမှမဟုတ်ရင် တော်တော်အရှက်မရှိတဲ့မိန်းမဆိုပြီးမောင့်ဘေးကကောင်မလေးကိုပြောပြီးလှောင်နေမလား မသိဘူးမောင် အဲ့လိုဆိုရင်တောင် ခိုင် မဖြစ်ဖြစ်အောင်လာခဲ့တယ်မောင် မောင်မရှိတော့ပေမယ့် မောင့်အငွေ့အသက်တွေ ခိုင်နဲ့မောင့်ရဲ့အမှတ်တရတွေ ရှိနေသေးတယ်လေ ဒီလောက်ဆိုေမာင့်ကိုလွမ်းဖို့လုံလောက်ပါတယ်
မွေးနေ့မှာပျော်ရွှင်ဖို့ဆုတောင်းပေးတဲ့မောင်မရှိတော့ကထဲက ခိုင့် မွေးနေ့တိုင်းဟာသက်ပြင်းရှည်တွေချည်းဘဲမောင်ရဲ့ မောင်သိရဲ့လားေမာင်ထွက်သွားပြီးေနာက်ပိုင်းထဲကခိုင်အသက်မရှည်ချင်တော့တာကို အသက်မရှင်ချင်ပေမယ့်မောင့်ကိုလွမ်းနေခွင့်လေးရှိေနေသးလို့တော်ပါသေးရဲ့မောင် နှစ်သိမ့်ပေးမဲ့မောင်မရှိပေမယ့် အနည်းဆုံးတော့ခိုင့်မျက်ရည်တွေကိုမိုးစက်တွေကဖုံးထားပေးတယ်လေ.....ထီးမပါတိုင်းမောင်ကဆူပေမယ့် ထီးမယူတတ်တဲ့ခိုင့်ကိုခိုင်ဘဲကျေးဇူးတင်ရမှာဘဲ...
No.303A....
ပိုက်ဆံအိပ်ထဲကနေသော့တွဲလေးထုတ်လိုက်တယ် အဲ့သော့တွဲထဲမှာ ခိုင်အမြဲမှားတတ်တဲ့ ခြံသော့ အိမ်သော့ အိမ်နောက်ဖေးတံခါးသော့ အခန်းတွေရဲ့သော့ အားလုံး ရောထွေးနေလို့မောင်ကိုယ်တိုင်ခြံေသာ့ေလးမှာ "K"အမှတ်အသားလေးထွင်းပေးထားတဲ့သော့လေးကိုခိုင်အလွယ်တကူဘဲေရွးယူပြီး တုန်ရီစွာနဲ့ခြံတခါးကိုဖွင့်လိုက်ပြီမောင် နာကျင်ရမှာသိရက်နဲ့ သက်သက်ကြီးလာခဲ့တယ်မောင်....ပြီးတော့ပထမဆုံးတွေးမိတာက"မောင်များရောက်နေမလား" ရီရတယ်မလားမောင် ခိုင်ဘယ်လောက်ရူးလဲ မောင်သာခိုင့်အတွေးတွေကိုမြင်နိုင်ရင်သိလိမ့်မယ်မောင်...
ခြံထဲကဒန်းလေးမှာဝင်ထိုင်လိုက်တယ် ဘေးနားကနှင်းဆီအိုးက ခိုင့်ကိုလှောင်နေသလိုဘဲမောင် မိန်းကလေးတန်မဲ့ပန်းမကြိုက်တတ်တဲ့ခိုင်ကမောင်အဲ့နှင်းဆီအိုးဝယ်လာတဲ့နေ့ထဲကအဲ့နှင်းဆီကိုဘဲတသသလုပ်နေလို့ခိုင်ပြဿနာရှာထဲက ခိုင်ရှိရင် မောင်သူ့ကိုပြစ်ထားခဲ့တာလေ အခုတော့နင်လဲထားခဲ့ခံရပြီမလားဆိုပြီးခိုင့်ကိုလှောင်နေသလိုဘဲမောင် သူကေတာ့လှလှလေးပွင့်လန်းလာတယ်မောင်
ခိုင်မလာဖြစ်ပေမယ့် ဘကြီးကတော့ မောင့်ခြံထဲကပန်းတွေနဲ့ တစ်အိမ်လုံးကိုမကြာမကြာလာကြည့်ပေးဖြစ်တယ်တဲ့ တော်သေးတာပေါ့မောင်မရှိပေ့မယ်မောင့်အိမ်ကိုေသွးမေတာ်သားမစပ်ဘဲလာနေတာခိုင်တစ်ယောက်ထဲမဟုတ်လို့ လာတဲ့အကြောင်းအရင်းတော့မတူဘူးေပါ့ ဒါပေ့မယ်နှစ်ယောက်လုံးကမောင့်အပေါ်ထားတဲ့သံယောဇဉ်တွေကြောင့်ဆိုတာတော့ဘုံတူတယ်မောင်...