intro(1/1)

17 5 0
                                    

ကောင်းကင်ဘုံရဲ့ တစ်ခုတည်းသော တိတ်ဆိတ်ကာ သီးသန့်ဆန်နေသောနေရာ....နတ်ဘုရားများတောင် ခြေဦးမလှည့်ရဲသော နတ်နန်း.... သုံးလောက အရှင်တောင် ခွင့်တောင်းပြီးမှသာ ဝင်ခွင့်ရသော ဌာနေ..... ဤနေရာက စေတန်နန်းမြင့်

ကောင်းကင်ဘုံရဲ့ အလျှို့ဝှက်ဆုံး နတ်ဘုရား ဖြစ်သည့်အပြင် သီးခြားနေထိုင်နေသော နတ်ဘုရား .....ထိုသေခြင်းနတ်ဘုရားကို အများကတော့ စေတန်နတ်ဘုရား လို့ခေါ်ကြတယ်....

ယခုတော့ စေတန်နန်းမြင့် နတ်နန်းဆောင်ရှေ့မှာ လူများစုရုံးနေကြသည်။ သုံးလောက အရှင် လင်းမို ၊ မိုးတိမ် နတ်ဘုရား လီကျူးရန် ၊ဖန်ဆင်းရှင်နတ်ဘုရား ရှောင်ချန်း နှင့် အခြားနတ်ဘုရားများပါ ရောက်ရှိနေကြသည်။

"ဝင်ခဲ့ပါ"" ဆိုတဲ့စကားနဲ့အတူ သူတို့ရှေ့မှာရှိနေသော အနက်ရောင်မြူခိုးများဟာ လွင့်ပါးသွားပြီး လမ်းသွယ်တစ်ခုပေါ်‌ပေါက်လာခဲ့သည်။ထိုလမ်းသွယ်ရဲ့ အဆုံးမှာတော့ မဟူရာ အရောင်အဆင်းရှိကာ တင့်တယ်ခန်းနားလွန်းသည့် နန်းဆောင်ကိုလှမ်းတွေ့နိုင်မည်ဖြစ်သည်။ အရှင်လင်းမို တို့ လျှောက်လာတယ်ဆိုရင်ပဲ နန်းဆောင်မရောက်မီ ခရေပင်ကြီးရဲ့ အောက်မှာ ပုံရိပ်တစ်ခုကို ‌တွေ့လိုက်ကြရသည်။ အုံ့မှိုင်းကာ အရွက်များဝေဆာလှသော ခရေပင်ကြီး၏အောက်တွင် ကြောင်ဖြူဖြူလေးတစ်ကောင်‌ကို ပေါင်ပေါ်တင်ထားသော နတ်ဘုရားတစ်ပါး.....,အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားပြီး လေတိုက်၍ကြွေကျလာသော. ခရေပန်းလေးများနဲ့အတူ အဖြူရောင် ဆံနွယ်ရှည်များက လွင့်မျောနေလေသည်။ အကြင်သူသည်က စေတန်နတ်ဘုရား ယဲ့ဖန်......

" အရှင် လင်းမို ....."

အရိုအသေပေး၍ နှုတ်ဆက်လာသည့် နတ်ဘုရားကို တွေ့သော်ငြား သူတို့မှာကြောင်အဆဲသာ။သုံးလောက အရှင်နှင့် အခြားနတ်ဘုရားများမှာ ဤနတ်ဘုရားကို မြင်ဖူးတွေ့ဖူးသော်လည်း တွေ့မြင်သည်အချိန်တိုင်း ငေးမောမြဲ ငေးမောဆဲသာ..... ကောင်းကင်ဘုံတစ်ခုလုံးတွင်. ဖီးနစ်နတ်ဘုရားက အလှဆုံးဆိုလျှင် စေတန်နတ်ဘုရားက အချောဆုံးပင်.... သို့သော်လည်း ဖီးနစ်နတ်ဘုရားကို မည်သူကမှ အလှပဆုံးနတ်ဘုရားလို့ မခေါ်ကြပေ....သူ့တွင် နာမည်တစ်ခုသာရှိသည် ပြသာနာနတ်ဘုရား .....

You've reached the end of published parts.

⏰ Last updated: Feb 24, 2022 ⏰

Add this story to your Library to get notified about new parts!

ချစ်လှစွာသော နတ်ဘုရားWhere stories live. Discover now