အပိုင်း - ၄၆ { တောင်များပြိုဆင်းကာ ​ပထဝီပြင်ကွဲအက်ခြင်း}

3.5K 778 154
                                    

အပိုင်း  - ၄၆

{ တောင်များပြိုဆင်းကာ ​
ပထဝီပြင်ကွဲအက်ခြင်း}

"ငြိမ့်ညောင်းချိုမြတဲ့ စကားတွေနဲ့ သစ္စာစောင့်သိတဲ့အသွင် ဟန်ဆောင်တယ်။ ကျမ်းဂန်ထဲကနေ ကောက်နှုတ်ထားတဲ့ ကပ်ပါးလျက်ပါးစကားတွေနဲ့ ပညာရှိအသွင် ဟန်ဆောင်တယ်။ အကြောက်တရားကို ပယ်ရှားထားတဲ့ စကားအနည်းငယ်နဲ့ ရဲစွမ်းသတ္တိရှိခဲ့သလို ဟန်ဆောင်တယ်။ စိုးရိမ်ဟန်စွက်တဲ့စကားတွေက ယုံကြည်မှုရယူဖို့ရာ ပရိယာယ်မာယာတွေသာ ဖြစ်တယ်။ တိတ်ဆိတ်လှတဲ့စကားတွေက -  "

"သခင်လေး"

ဖင်အန်းက သူ့စကားအား ဖြတ်တောက်လိုက်သည်။ ကျင်ချီးမှာ ယနေ့တစ်နေ့လုံး အခန်းထဲတွင်သာ ပုန်းအောင်းနေခဲ့၏။ ကုတင်ခေါင်းရင်းကို မှီထားရင်း လက်ထဲတွင်လည်း စာအုပ်အဟောင်းတစ်အုပ်ကို ကိုင်ထားလို့။ အခန်းတွင်းဝယ် လွန်စွာနွေးထွေးနေကာ သက်တောင့်သက်သာဖြစ်လှသဖြင့် အနည်းငယ်ပင် အိပ်ငိုက်စေနိုင်၏။ သူ့အား ဝေယျာဝစ္စပြုပေးရန် ခစားဖို့ စောင့်ဆိုင်းနေသော အစေခံမိန်းမပျိုလေး၏ မျက်လုံးနှစ်ဖက်ကပင် ပိတ်သွားချင်ချင်ဖြစ်နေပြီ။ ဖင်အန်းက ဘေးနားတွင်ရပ်နေဆဲဖြစ်ကာ ပြန်ထွက်မသွားသေးချေ။

"ငါ​့စကား မဆုံးသေးဘူး"

ကျင်ချီးက သူ့အား လုံးဝ မော့မကြည့်ခဲ့ပေ။

"သေချာအာရုံစိုက်ပြီး နားထောင်။ အဲ့ဒီ ပရိယာယ်ကြွယ်တဲ့ နည်းလမ်းတွေက စီးပွားရေးနှင့်အုပ်ချုပ်ရေးပိုင်း ပညာရပ်တွေနဲ့ ပတ်သက်မှုရှိတယ်။ ငါ့ကို လူတစ်ယောက်က ဒီအကြောင်း သင်ကြားပို့ချပေးစေချင်တယ်၊ ဒါပေမယ့် သူ နားလည်လက်ခံအောင် ရှင်းပြခွင့် မရှိခဲ့ဘူး။ မင်းလည်းသိပါတယ်....ကိုယ့်ကို လူတစ်ယောက် လိုလားတောင့်တလာစေချင်ရင် အရင်ဦးဆုံး မြှောက်ပင့်ပြောဆိုတတ်ရတယ်ဆိုတဲ့စကားတောင် ရှိသေးတာပဲ။ လူတစ်ယောက်ရဲ့မျက်နှာသာပေးမှုကို လိုချင်ရင်၊ သူ့ဆီက အရေးစိုက်မှုကို လိုချင်ရင်၊ သူတို့နှလုံးသားထဲမှာ ခြားထားတဲ့စည်းတွေကို နှိမ့်ချရုပ်သိမ်းပေးစေချင်ရင်၊ အရင်ဦးဆုံး သူတို့လိုချင်တဲ့အရာကို မင်း ရအောင် ယူလာပေးနိုင်ရမယ်။ မြှောက်ပင့်ဖားယားမှုအတတ်ပညာဟာ မယုတ်လွန်းမလွန်လွန်း အလယ်အလတ်အဆင့်မှာပဲ ရှိရမယ်။ တိမ်ကောနည်းပါးလွန်းနေရင် မင်းကို စိတ်ရင်းဖြောင့်မတ်မှု သိပ်မရှိသေးဘူးလို့ သူတို့ထင်သွားမှာဖြစ်ပြီး၊ အရမ်းလွန်ကြူးသွားရင်တော့ မင်းက ရည်ရွယ်ချက်ရှိရှိ တမင်လာဖားနေတာပါလားလို့ သိသွားမယ် ။တစ်ယောက်ယောက်ရဲ့ အမြတ်နိုးခံ ဖြစ်ချင်ခဲ့ရင် ၊ သူတို့ရဲ့ယားယံမှုတွေကို ကုတ်ခြစ်ပေးချင်ခဲ့ရင်၊ မင်း - "

အရှင်ခုနစ် Where stories live. Discover now