Unicode
အခန်းတစ်ခုလုံးကို လျှောက်ကြည့်တာ နေရာစုံသွားပြီမို့ ရှောင်းကျန့်လည်း ဆုံလည်ကုလားထိုင်ပေါ်မှာ သွားထိုင်လိုက်ပြီး.....
"ဘာမှလည်း လုပ်စရာမရှိဘူး...ငါက
ဒီအတိုင်းကြီး ရုံးဆင်းတဲ့အထိနေနေရမှာလား..."ဒီနေ့က ရှောင်းကျန့် ဝမ်စားသောက်ကုန်မှာ အလုပ်စဆင်းတဲ့ ပထမဆုံးနေ့......။
ဝမ်ရိပေါ်ကတော့ ညပိုင်းမှာ အလုပ်နဲ့
ပတ်သတ်တာတွေ နားလည်အောင် ရှင်းပြပေးမယ်တဲ့....အခုတော့ ဒီတိုင်းအယောင်ပြပြီး ရုံးခန်းထဲ သွားထိုင်နေတဲ့လေ...။
.
.
ရှောင်းကျန့် စားပွဲပေါ်က စာရွက်တွေကို မြင်သွားတော့ စိတ်ကူးရသွားပြီး ဘောပင်တစ်ချောင်းကိုယူလိုက်သည်။
.
.
.တံခါးခေါက်သံကြောင့် ရှောင်းကျန့်လည်း
ပုံဆွဲနေတာကို ရပ်လိုက်ပြီး..."ဝင်ခဲ့ပါ..."
"ကျွန်တော်တို့စားသောက်ကုန်ကနေ အသစ်ထပ်ဖွင့်လိုက်တဲ့ ဟောပေါ့ဆိုင်ခွဲဖွင့်ပွဲကို သွားရမဲ့အချိန်ပါ... "
ရှောင်းကျန့်လည်း ထိုအခါမှ...
"အင်းအင်း...လာမယ်...ဒါလေးပြီးရင်..."ရှောင်းကျန့် စာရွက်ပေါ်မှာ ဆွဲလက်စ
ဟိုင်မြန်းပေါင်ပေါင်းရုပ်လေးကို ပြီးအောင်ဆွဲလိုက်သည်။"ပြီးသွားပြီ....သွားကြမယ်လေ ဟော့ပေါ့ဆိုင်ကို..."
အပြုံးကြီးပြုံးပြနေသည့်ဒါရိုက်တာအသစ်ကိုကြည့်လိုက်.... စားပွဲပေါ်က ပုံဆွဲထားတာတွေနှင့်ပြည့်နေသည့် စာရွက်တွေကိုကြည့်လိုက်ဖြစ်နေသည့် ဝန်ထမ်းက သူ့ခေါင်းကို တစ်ချက်ကုတ်လိုက်ပြီး...
"ဟုတ်...ဟုတ်ကဲ့..."
သူတို့ရဲ့ဒါရိုက်တာအသစ်က စိတ်ကောမှန်ရဲ့လားမသိ...လက်မှတ်ထိုးပေးရမဲ့စာရွက်တွေပေါ်မှာ ပုံတွေလျှောက်ဆွဲနေတယ်ဆိုတော့...။
.................................................................
ဟောက်ရွှမ်း စီစီတီဗီကို အထပ်ထပ်အခါခါရစ်ကြည့်နေတုန်း.. နောက်နားက အသက်ရှူသံပြင်းပြင်းတစ်ခုကို သတိထားမိသွားကာ
နောက်ကိုလှည့်လိုက်တော့.....
YOU ARE READING
I really need you(Completed)
Fanfictionတစ်ယောက်ရဲ့ဘဝမှာ တစ်ယောက်မရှိရင် မဖြစ်တဲ့ ပတ်သတ်မှုမျိုးနဲ့ တည်ရှိနေတဲ့ ဖြစ်တည်မှုမျိုး...........။ အဲ့ဒါကျွန်တော်တို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကံကြမ္မာပါပဲ.....။ ရိပေါ်+ရှောင်းကျန့် တစ်ယောက်ရဲ့ဘဝမှာ တစ်ေ...