My Lover is Gangster (Part 7)

685 54 0
                                    

My Lover is Gangster ( Part 7 )

😎😎😎😎😎

" သား မိတ်ဆွေဆိုလည်း ဦးလေးမိတ်ဆွေပေါ့  လာ အိမ်ဘက်သွားရအောင် "

ဒီအတိုင်းနေလို့ကတော့ ခြံဝမှာပဲ
အိပ်ပျော်ကြတော့မယ် အခြေအနေ ကို
ဦးဇော်နောင်ပဲ  စပြီး လှုပ်ရှားလိုက်‌
တော့တယ်

အရှေ့ကနေ သွားနေတဲ့ ဦးဇော်နောင်
အနောက်ဘက်ကနေ  Gulf ကိုMEW ပုခုံးပင့်ပြပြီးလိုက် သွား တော့တယ် ..

" လာ အိမ်ပေါ်တက် မင်းနာမည် ဘယ်သူ "

" MEW "
" MEW လို့ခေါ်တယ် ဖော "

Gulf နဲ့ MEW တို့နှစ်ယောက်အသံက
မတိုင်ပင်ပဲအတူတူ ထွက်လာကြတယ် ..

" အော်  အေး "

ဦးဇော်နောင် ထိန်းထားရင်းနဲ့ ပြုံးမိသွားတယ်

" MEW အလုပ်ကိစ္စ ပြီးခဲ့ပြီလား "

" ဟုတ်ကဲ့ ဦးလေး ပြီးပါပြီ .. "

ဘာအလုပ်ကိစ္စလည်း အလကား !!

သု့အဖေရှေ့မှာ ထိုင်နေတဲ့ MEW ကို
Gulf မျက်စောင်းသာ ထိုးနေလိုက်တယ်..

" အဲဒါဆို ဒီမှာ အလည်နေအုန်းပေါ့
Gulf လည်းမပြန်သေးဘူး ဒီမှာ နေအုန်းမှာ ..
ထိုင်ကြအုန်း အေးဆးပေါ့  ဦးလေးအလုပ်
ရှိလို့Gulf နဲ့ စကားပြောကြအုန်း .  "

" ဟုတ်ကဲ့ ဦးလေး "

လူငယ်တွေကိစ္စ သူတို့ဘာသာ ရှင်းပါစေ . 
တမင်ပဲ Gulf တို့ကို ဦးဇော်နောင် ထားခဲ့
လိုက်တယ် .. ..

" ဘာကိစ္စရှိလို့လည်း "

သူ့အဖေ ခြံထဲ ပြန်ထွက်သွားမှပဲ
Gulf စကားစလိုက် တော့ တယ် . 

" Gulf ကိုယ်ရင်ထဲမှာ မင်းရှိနေတယ် "

" ဘာ ! "

အစမရှိ ပြောမယ့်ပြောတော့လည်း  
ဒီလိုစကားကို  ဝုန်းဒိုင်းကျဲ ပြောချလိုက်တဲ့
MEW ကို Gulf မျက်လုံးပြုးပြီး ကြည့်
လိုက်တယ်

" မင်းကို ကိုယ်စိတ်ဝင်စားတယ်  Gulf ..
ကိုယ့်အတွေးထဲ မင်းရှိနေတာကြာပြီ ..

ကိုယ့်ခံစားချက်ကို မင်းသိအောင်
ကိုယ်မပြောတတ်ဘူးကွာ  ..

My Lover is GangsterWhere stories live. Discover now