(Unicode)
ရင်ခွင်ဆီ ဖွဖွ လာထိတဲ့ အထိအတွေ့ကြောင့် ရိပေါ် ငုံ့ကြည့်လိုက်သည်။
*ကော...နိုးနေတာလား...
*အင်း...ရိပေါ် မအိပ်သေးဘူးလား...
မျက်လုံးလေး လှန်ကြည့်ရင်း အရှင်ရှောင်းကျန့်က မေးသည်။
*အိပ်မပျော်ဘူး...အိပ်မပစ်ချင်တာဆို ပိုမှန်မယ်...
*ဘာလို့လဲ...တနေ့လုံး ပင်ပန်းခဲ့တာကို နားတော့လေ...
*အင်း...ဒါပေမဲ့ ကောကို ကျွန်တော် လက်ထပ်ခွင့်ရတာကို မယုံနိုင်ေသးဘူး...မိုးလင်းလို့ အိမ်မက်ဆိုရင် ဘယ်လို လုပ်မလဲ...
*အာ...ဘာတွေ တွေးနေတာလဲ...ကောကရော အခုယူလိုက်အခုကွဲလိုက် လုပ်ရအောင် ကလေး ကစားနေတာမှ မဟုတ်တာ...ဘာတွေတွေးနေမှန်း မသိဘူး...အိပ်တော့ မနက်ကျလည်း စောစောထရဦးမယ့်ဟာ...
သုန်သုန်မှုန်မှုန်နဲ့ ပြောပြီး ပြန်ငြိမ်သွားတဲ့ အရှင်ရှောင်းကျန့်ကို မေးဖျားမှ ဆွဲယူ မော့လိုက်ရင်း ရိပေါ် ေပြာလိုက်သည်။
*မအိပ်သေးဘူး...ကောလည်း မအိပ်ပါနဲ့ဦးလေ...ဒီနေ့ ကျွန်တော်တို့ မဂင်္ လာဦးညလေးဟာကို...အဲ့ဒါ...
*ဘာအဲ့ဒါလဲ...ဘာမှ မအဲ့ဒါနဲ့...မင်းကို အခွင့်အရေး ပေးပြီးပြီလေ...မင်း ဘာသာ မယူတာ...ခုမှတော့ မရဘူး...ဘာမှ ဦးမနေနဲ့တော့ အိပ်ပြီ...
တဖက်လှည့်ကာ အိပ်သွားတဲ့ အရှင်ရှောင်းကျန့်ကို ကြည့်ရင်း ရိပေါ် ပါးစပ်အဟောင်းသားနဲ့ ကြောင်နေခဲ့သည်။
*ဒါဆို ခုနက...ကော...
အာ...တကယ်ပါပဲ...ကျွန်တော်မှ မသိလိုက်တာကို...ပြောလည်း မပြောဘဲနဲ့...*မတတ်နိုင်ဘူးလေ...အခွင့်အရေးဆိုတာ တကြိမ်ပဲရမယ်...နှစ်ကြိမ် မရှိဘူး...ပြောပြနေရင် အခွင့်အရေးလို့ ဘယ်ခေါ်တော့မလဲ...တော်ပြီ ဘေးဖယ်...ကောကို လာမထိနဲ့...အိပ်တော့မယ်...
*ကော...ကောရေ...ကော ဆို...
အား...ကလေးကို အနိုင်ကျင့်တယ်...ကော မတရားဘူး...အရှင်ရှောင်းကျန့် နားနားကပ်ကာ တကျည်ကျည်နဲ့ ရိပေါ် အော်နေခဲ့သည်။
YOU ARE READING
မင်းတယောက် အတွက်သာ (U&Z) - Completed
أدب الهواةချစ်ခြင်းရယ်ပြိုင် တူနိုင်ပမလား... ပုံဖော်ကာပြခွင့်မရရင်တောင် ယုံကြည်အောင် သက်သေပြမှာမို့... ဒီရင်ကို ခွဲသာကြည့် ပါတော့ မင်းတယောက် အတွက်သာ..... မြတ်နိုးလွန်းလို့ ရူးမတတ်ချစ်ခဲ့ရတာ... ခင်ဗျား မရှိတဲ့ ဘဝမှာ မနေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ ထွက်သွားခဲ့တာ... ဝ...