- F i n a l -

379 42 23
                                    

မင်္ဂလာပွဲမတိုင်မီညရောက်နေပြီဖြစ်သည်။

သခင်လေးလက်ထပ်တော့မည်ဟူသောသတင်းကိုကြားလျှင် ကလေးငယ်ကသေချာပေါက်လာရှာမည်ဆိုသောယုံကြည်စိတ်ချမှုဖြင့် လက်ထပ်ပွဲသတင်းကို ကျော်ကြားနိုင်သမျှ ကျော်ကြားအောင်လုပ်ဆောင်ခဲ့သည်။ ဘယ်လိုနည်းလမ်းတွေသုံးပြီးရှာဖွေခဲ့သောငှား ရှာမရခဲ့သော ကလေးငယ်ကို ကိုယ့်ဆီအရောက်ခေါ်ဖို့မှာ ဒီတစ်နည်းသာရှိတော့သည်ဟုလည်း ယုံကြည်ခဲ့သည်။

သေချာပေါက် ကိုယ့်ဆီကိုသာအရောက်လာရှာမည်၊ လာရှာတဲ့အခါအတူတူထွက်ပြေးကြမည်ဟု အပိုင်တွက်ကာ စွန့်စားခဲ့သောမင်္ဂလာပွဲကြီးဖြစ်သည်။

ရှင်ဘုရင်ထက်တောင် အာဏာစက်သက်ရောက်ပါတယ်လို့ သတင်းကြီးတဲ့ တရားရေးမှူးချုပ်ကြီးကို ကလေးငယ်က ဘယ်လိုပင်လက်စားချေဖို့စီစဉ်ထားထား အောင်မြင်နိုင်ခြေက အလွန်ကိုနည်းလွန်းပါသည်။ အမုန်းတရားတွေ၊ လက်စားချေဖို့တွေကိုခဏဖယ်ပြီး ကလေးငယ်နဲ့အတူတူရှိနိုင်မည့်နည်းလမ်းကိုသာရွေးရလျှင် ဒီဂျိုဆွန်းမြို့တော်ကြီးကနေ စွန့်ခွါထွက်ပြေးမှကိုဖြစ်မည်။

သို့သော် မင်္ဂလာပွဲကြီးမတိုင်မီ တစ်ညသာလိုတော့သောအချိန်အထိ ကလေးငယ်၏ သတင်းစကားတစ်စွန်းတစ်စကိုမကြားရ၊ အရိပ်အယောင်လေးတောင်မမြင်ရခြင်းတို့က စိုးရိမ်ပူပန်ရမှုကို မြင့်တက်စေနေသည်။

ညနက်နေပြီဖြစ်သည့်တိုင် နိုစံအိမ်ကြီးထဲမှာ အိပ်မပျော်နိုင်ဖြစ်‌နေသောအချိန်တွင် အခန်းအပြင်ဘက်မှ ကြားလိုက်ရသော ပစ္စည်းတို့ပြုတ်ကျသံ။ မရှေးမနှောင်းမှာပင် ကိုယ့်အခန်းနဲ့ဘေးကပ်ရပ်ဖြစ်သော နိုအွန်းရဲ့အခန်းမှအော်ဟစ်သံနဲ့ ဓားရှည်တစ်ခုရဲ့အဆက်မပြတ်ထိုးခုတ်နေသံ။

စဉ်းစားနေချိန်မရဘဲ အခန်းထဲသို့ပြေးဝင်သွားလိုက်တော့ ကိုယ်တိုင်ဆောင်းပေးခဲ့ဖူးသောခမောက်ကြီးကိုဆောင်းထားပြီး ရပ်နေသောကျောပြင်ကလေးက အဆက်မပြတ်ဓားချက်တွေကို ရက်ရက်စက်စက်ထိုးချနေခဲ့သည်။

အပိုင်တွက်ထားသမျှကလွဲမှားကုန်သည်။ ကလေးငယ်ရဲ့ အလွန်အမင်းနာကျည်းနေရမှုတွေက ကိုယ့်ဆီလာမယ့် ကလေးငယ်ရဲ့ခြေလှမ်းတွေကို လမ်းလွှဲပစ်လိုက်ပုံပေါ်သည်။ 

All of my sinsWhere stories live. Discover now