Chapter - 1

1.3K 109 20
                                    

{Unicode}

ပထမဆုံးပြောချင်တာက ဒီ story လေးကလည်း donation page မှာ လာအပ်ထားတဲ့ အစ်မတစ်​ယောက်အတွက် ရေးပေးထားတာဖြစ်ပါတယ်။ သူ့ဆီက​နေ ပြန်တင်ပါဆိုတဲ့ ခွင့်ပြုချက်ရတာ​ကြောင့် အားလုံးဖတ်လို့ရ​အောင် ပြန်တင်​ပေးလိုက်ရပါတယ်လို့။ သုံးပိုင်းတည်းမို့ အဆုံးထိဖတ်​ပေးကြပါဦး ♡

~~~~

One Fine Summer _ Sunghoon × OC

လန်ဒန်ရဲ့ မြို့လည်​ခေါင်မှာ လူ​တွေ​ရော၊ ကား​တွေ​ရောက လမ်း​ဘေးဝဲယာမှာ စည်ကားလျက်ရှိသည်။ ပိတ်ရက်ကို လမ်း​ပေါ်သည်​လောက်အထိ လူစည်​နေမယ်လို့ ရှရွန် (Sharon) မထင်ခဲ့တာအမှန်ပင်။ စည်ကား​တော့လည်း တစ်မျိုးတစ်ဖုံ သာယာ​နေတာပါပဲ​လေ။

ပလပ်​ဖောင်း​​ပေါ်က​နေ အမြန်နှုန်းနဲ့​လျှောက်လာရင်း လက်မှာပတ်ထားတဲ့ လက်ပတ်နာရီကို​ကျော်ပြီး မနီးမ​ဝေးက မြင်​နေရတဲ့ Big Ben နာရီစင်ကို လှမ်းကြည့်လိုက်​တော့ နေ့လည် ၁၂ နာရီပင် ထိုး​နေပြီ။ နေ့လယ်ခင်းမွန်းတည့်ချိန် ဖြစ်နေတာ​ကြောင့် အပူချိန်က အမြင့်ဆုံးဒီဂရီဖြစ်​နေမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ။

နွေလယ်​ခေါင်ဆို​တော့လည်း ပူ​သထက်ပူပေ​တော့ပဲ​ပေါ့။ မဖိတ်​ခေါ်ဘဲ မျက်နှာ​တွေအထိ တိုး​ဝှေ့တိုက်ခတ်တဲ့ ပူစပ်စပ်လေ​ပြင်း​​တွေကြောင့် လွင့်ခါသွားတဲ့ဆံပင်စ​တွေကို လက်မှာပတ်ထားတဲ့ ခေါင်းစည်းကြိုးနဲ့ သေချာစည်း​နှောင်လိုက်ရ​သေးသည်။

ရှရွန် ကျောင်းဖွင့်ရက်တုန်းက မပြီးပြတ်​သေးတဲ့ ဓါတ်ခွဲခန်း စမ်းသပ်မှု​လေးတစ်ခုကို မနက်​စော​စောထ၊ သွားအပြီးသတ်ပြီး ပြန်လာခြင်းရယ်ပါ။ ရှေ့လပဲ နှစ်ကုန်စာ​မေးပွဲ​ဖြေရ​တော့မှာဖြစ်တာ​ကြောင့် practical တန်း​တွေ မပျက်မကွက်တက်ပြီး ကိုယ်တိုင်ကြိုးစား​နေရခြင်းပင်။

ကျောင်းပိတ်ရက်ဖြစ်တာမို့ မသွားဘဲ​နေရင်ရ​ပေမယ့် ချိန်းထားပြီးသားလည်းဖြစ်၊ ပါ​မောက္ခလည်းရှိ​တော့ လုပ်ခွင့်​ပေးမယ်ဆိုလို့သာပင်။ ကိုယ်တိုင်ကလည်း ဒါမျိုးကို အလွတ်မခံချင်။ မကြာခင်ပဲ ဘွဲ့ရ​တော့မှာကို အ​လေလိုက်​နေလို့​တော့ မဖြစ်ဘူးမလား။

One Fine SummerWhere stories live. Discover now