62[U&Z]

4K 514 4
                                    

[Unicode]

မြေအောက်ကားပါကင်ထဲမို့ အလင်းရောင်က မသဲကွဲပေ။ လီရိချန်ရဲ့ မျက်နှာကို သူမ သေချာမမြင်ရပေမယ့် သူ့ဆီမှ ကြီးမားတဲ့ဖိအားကို နင်မုန့် ခံစားလို့ရနေလေ၏။ ထိုဖိအားက သူ့အနားမှာ အသက်ရှူဖို့ ခက်လာသည်အထိကို အားကောင်းလွန်းလှသည်။

သူ့အနားတဝိုက်မှာ နေနေရတာ အမှန်တကယ် စိတ်မသက်မသာ ဖြစ်လာတာကို နင်မုန့် ခံစားလိုက်ရသည်။

သေချာပေါက်တော့ စုထျန်းထျန်းက စိတ်ရှုပ်စရာကောင်းလွန်းတဲ့ မိန်းမဆိုပေမယ့်  လီရိချန်ကတော့ သိက္ခာရှိပြီး တာဝန်ယူတတ်သောလူဖြစ်လေ၏။ ဒါကြောင့်ပဲ နင်မုန့်က စိတ်ကောင်းလေးထားပြီး အကြံဉာဏ်ကို ပေးလိုက်ခြင်း ဖြစ်သည်။ 

ဒါတောင်မှ...လီရိချန်က ရပ်သာရပ်နေပြီး ဘာစကားတစ်ခွန်းမှ မပြောလာပေ။ သူ့လုပ်ငန်းကို သူမက နှောင့်ယှက်ချင်တယ်လို့ ထင်နေတာများလား။

ဒါ့အပြင် "The Seductress"ဆိုတာ လက်လွှတ်လိုက်ဖို့ရာကလည်း အရမ်းကို နာမည်ကြီးသည့် novelဖြစ်နေလေသည်။

သူမ နယ်ကျွံသွားပြီဆိုတာ သဘောပေါက်လိုက်တဲ့အခါ နင်မုန့် နှုတ်ခမ်းဆူလိုက်ပြီး "ဘာမှ မဟုတ်တော့ပါဘူး။ ကျွန်မပြောတာ မေ့လိုက်ပါ"

ပြီးနောက်မှာတော့ သူမ လှည့်ထွက်သွားလိုက်လေသည်။

သူမ ထွက်သွားသော်လည်း လီရိချန်ကတော့ သူမရဲ့ အရိပ်ပျောက်သွားသည်အထိ စိုက်ကြည့်နေခဲ့လေ၏။

သူမ ထိုမိန်းမကို သိသည်။ သူမက ဟော်ပေ့ချန် မိန်းမဖြစ်ပြီး "Shifting to Mars"ကို သူ့ဆီက ခိုးသွားခဲ့သော လူ ဖြစ်သည်။

သူ့အနေနဲ့ "Shifting to Mars"ကို ဝယ်ချင်တဲ့ အကြောင်းအရင်းက ပိုက်ဆံ ရှာချင်လို့ မဟုတ်ပေ။ ‌ထုတ် ပေးခဲ့သော သန်း၂၀ကလည်း ပြည်တွင်းဖြစ် သိပ္ပံဇာတ်လမ်းတွေကို တဖက်တလမ်းကနေ တိုးတက်အောင် အားပေးချင်တာကြောင့် ဖြစ်၏။

သို့ပေမယ့်လည်း သူကတော့ သူမလို မယုတ်မာပေ။ ထိုရုပ်ရှင်နဲ့ ပတ်သက်တာ မှန်သမျှကို သူမရဲ့ နာမည်အောက်သို့ ရောက်အောင် လုပ်ခဲ့လေ၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Nơi câu chuyện tồn tại. Hãy khám phá bây giờ