ရိပေါ်တစ်ယောက် ပြိုင်ပွဲမှာ Rank 1 ဖြစ်သောကြောင့် အပျော်ကြီးပျော်နေခဲ့သည်။ ထိုပျော်ရွှင်မှု့ကို တစ်ယောက်သောသူကို ချပြချင်တာကြောင့် စီနီယာများနဲ့ အကြီးအကဲအချို့ရဲ့ ဂုဏ်ပြုညစာစားပွဲကို ငြင်းခဲ့သည်အထိ။
မန်နေဂျာကို ညနေလေယာဉ်အတင်းစီစဉ်ခိုင်းပြီး ပေကျင်းသို့ အပြေးပြန်လာခဲ့သည်။ ချစ်ရတဲ့အသည်းအသက်လေးကတော့ အခုချိန်ထိ
တစိမ်းဆန်နေတုန်းပင်။ပစ်ထားခံရလို့ စိတ်မဆိုးဘူးလားလို့မေးရင် စိတ်မဆိုးနိုင်ပါဘူး၊ ဝမ်းမနည်းဘူးလားလို့ မေးရင် သိပ်ဝမ်းနည်းတာပေါ့၊ အများကြီးမမျှော်မှန်းပေမယ့် ချစ်ရတဲ့သူဆီက ကြိုးစားနော်ဆိုတဲ့ သက်မဲ့မက်ဆေ့ခ်ျလေးတစ်စောင်တော့ မျှော်မှန်းခဲ့မိတယ်၊ ဒါပေမယ့် စိတ်ကြီးတဲ့ကိုကိုကတော့ သူကိုမသနားခဲ့ဘူးလေ။
ကိုးရီးယားနဲ့ ပေကျင်းက လေယာဉ်ဖြင့်အချိန်သိပ်မကြာသော်လည်း ရိပေါ်ရောက်သောအချိန်သည် ည(၈)နာရီတောင် ရှိနေခဲ့ပြီ၊ ပထမဆုံးခြေလှမ်းလေးက ကိုကိုနဲ့သူရဲ့ တိုက်ခန်းလေးဆီသို့၊ ခြေလှမ်းကျဲကြီးများဖြင့် ဓာတ်လှေကားကထွက်ပြီး အခန်းလေးနားရောက်ခါနီးတွင်၊ ကိုကိုဆိုသည့် နာမ်စားလေးဖြင့် မှတ်ထားသော အလင်းရောင်လေးက ဖုန်းscreenပေါ်ထင်ဟပ်ခဲ့လေသည်၊
ကိုကိုက ငါ့ကိုဖုန်းခေါ်နေတာလား၊ ဒါဆို ကိုကိုစိတ်ဆိုးပြေပြီပေါ့၊ ဖုန်းလေးကိုအမြန်ပင်ကိုင်လိုက်သည်၊ တစ်ဖက်မှ "ဟယ်လို"ဆိုသည့်
အသံလေးကြောင့် ရိပေါ်အတိုင်းမသိ ဝမ်းသာခဲ့ရသည်၊ ရင်ထဲမှာလည်း ပျော်ရွှင်မှု့နှင့်အတူ နာကျင်မှု့လေးက လှိုင်းတက်လာပြီး ရိပေါ်"ကိုကို"
ဟုခေါ်ပြီး ငိုချပစ်လိုက်သည်။တစ်ကယ်ပါနာကျင်ရတယ်၊ လူကိုအကြာကြီးပစ်ထားပြီး အခုမှဖုန်းဆက်တာကြောင့်၊ တစ်ဖက်မှချစ်ရသူရဲ့ စိတ်ပူနေသော အသံလေးကို ရိပေါ်ပြုံးပြီးနားထောင်ပေးခဲ့တယ်၊ ခြေလှမ်းများကတော့ တိုက်ခန်းတံခါးလေးကို
ဖွင့်ပြီး လူကအထဲပင်ရောက်သွားခဲ့လေပြီ။မြင်နေရတဲ့ကျောပြင်လေး၊ ကိုယ့်ကို စိတ်ပူပြီး ပျာယာခတ်နေသောပုံစံလေး၊ "မောင်"ဆိုပြီး
သက်မဲ့ဖုန်လေးထံ အဆက်မပြတ်ခေါ်နေသောအသံလေး၊ ရိပေါ် luggage ချပြီး ကိုကို့ကို အနောက်ကနေ သိုင်းဖတ်ထားလိုက်သည်၊ ရုတ်ချည်းငြိမ်သက်သွားတဲ့ ကျွန်တော်ရဲ့ ယုန်ဆိုးလေး။
YOU ARE READING
Infinity...(Complete)
Fanfictionသဘာ၀ကို ဆန့်ကျင်ပြီးချစ်ခဲ့ကြလို့ ကျွန်တော်တို့ အချစ်က သာမာန်ချစ်သူတွေထက်ပိုတယ်ဆိုတာ ကိုကိုလက်ခံလား...? Start date - (30.9.21) End date - (3.12.21)