♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕၂၀၂၃ခုနှစ်၊ဇွန်လ၊၁၉ရက်နေ့။
ဟိုတယ်အခန်းအပြင်သို့ထွက်လိုက်သည်နှင့်အပူဒဏ်ဟပ်လာသောကြောင့်နှင်းဖူးမျက်မှောင်ကြုတ်လိုက်သည်။
နွေရာသီကျောင်းပိတ်ရက်ဖြစ်သည်ကြောင့်ဥရောပခရီးစဉ်သွားရန်စီစဉ်ထားခဲ့သော်လည်းနှင်းဖူးမှကော့သောင်းမြို့သို့သာလိုက်ပို့ရန်ပူဆာခဲ့သည်။
"ဖူးလေးပူနေပြီ . . . ထီးနဲ့လေအေးပေးစက်အသေးတစ်ခုမြန်မြန်သွားယူ"မေမေ၏စကားကြောင့်အိမ်အကူကောင်မလေးနှစ်ယောက်မှာအပြေးအလွှားသွားယူကြ၏။
"ကလေးလေးပူနေရင်အထဲခဏပြန်ဝင်နေလိုက် . . . ထီးရောက်မှမေမေခေါ်လိုက်မယ်"မေမေ၏အပြောကို 'အင်း'ဟုသာဖြေပြီးအခန်းထဲသို့ပြန်ဝင်နေလိုက်သည်။
ရွက်လှေစီးချင်သည်ဟုပြောထားခဲ့တာကြောင့်မေမေသည်နှင်းဖူးတို့မိသားစုအပိုင်အပျော်စီးဇိမ်ခံရွက်လှေများထဲမှစီးချင်သည့်တစ်စီးကိုမနေ့ကတည်းကရွေးခိုင်းထားခဲ့သည်။ဟိုတယ်သည်ပင်လယ်ကမ်းစပ်၌တည်ဆောက်ထားသည်ကြောင့်ဟိုတယ်ပိုင်ရွက်လှေများထားရှိရန်ဆိပ်ကမ်းအသေးစားလေးတစ်ခုပါရှိလေ၏။
ပူပြင်းလှသောနေကြောင့်မေမေသည်ကားဖြင့်သွားရန်ပြောသော်လည်းနှင်းဖူးမှဟိုတယ်အပြင်အဆင်ကြည့်ချင်သည်ဟုဆိုလေသောကြောင့်ယခုလိုလမ်းလျှောက်သွားရန်သာဆုံးဖြတ်လိုက်ခြင်းပင်။
"ကလေးကိုအအေးတိုက်လိုက်ဦး"မေမေမှပြောသည်နှင့် အိမ်အကူကောင်မလေးတစ်ယောက်မှအသင့်ယူလာသော နဂါးမောက်သီးဖျော်ရည်ဖန်ပုလင်းကိုကမ်းပေးလာသည်။
ဓာတုဗေဒပါဝင်သောအစားအသောက်များကိုတတ်နိုင်သလောက်ရှောင်သည်မို့နဂါးမောက်သီးမှာသဘာဝနည်းအတိုင်းသာဖျော်ထားသည်။သဘာဝပတ်ဝန်းကျင်ကိုတန်ဖိုးထားသောမိသားစုဖြစ်သည်ကြောင့်နှင်းဖူးတို့အိမ်၌ပလက်စတစ်နှင့်ပတ်သက်တာမှန်သမျှဘာတစ်ခုမှမသုံးပါ။
"ဟိုမှာ . . . ဖူးအစ်ကိုကအသင့်စောင့်နေပြီ"
ဟိုတယ်ဆိပ်ကမ်းရှိရွက်လှေနား၌ရပ်၍စောင့်နေသူမှာနှင်းဖူး၏တစ်ဦးတည်းသောအစ်ကိုဖြစ်လေသည်။
STAI LEGGENDO
《 ALYA 》
Storie d'amore•𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗢𝘄𝗻 𝗖𝗿𝗲𝗮𝘁𝗶𝗼𝗻• "ကိုကိုကဖူးအပိုင်ဆိုတာလူတိုင်းသိတယ်" ∝ နှင်းဖူးတစ်ယောက်သူမကိုအရမ်းဂရုစိုက်ပြီးအလိုလိုက်တဲ့နေသောလွင်ကိုအသက်(၉)နှစ်အရွယ်တွင်တစ်ဖက်သတ်စတင်ကြိုက်နှစ်သက်ခဲ့လေသည်။ထိုလျှို့ဝှက်ချက်ကိုနှင်းဖူးမှအပမည်သူမျှမသိ။ အချိန်...