(၇)

3K 258 19
                                    

Unicode version
.
.
.

Honeyနဲ့ Mommy

အပိုင်း (၇)

ချန်းကို အိပ်နေတဲ့ မမနားတိုးသွားလိုက်ပြီး
ပြုတ်နေတဲ့ကြယ်သီးတွေကို အလျှင်အမြန်တပ်ပေးချင်နေမိသည်။

တံတွေးတချက်မြိုချလိုက်သည်။

ရေဆာသလိုခံစားမှုကလဲ ခနခနဝင်လာနေလေ၏။

"ငါဘာဖြစ်ချင်နေတာလဲ....
ဒါ မကောင်းတဲ့အတွေးလား....
ဒါ...မမကိုပြစ်မှားနေမိတာလား??
ကိုယ့်အမေရွယ် ကိုယ့်အမေရဲ့သူငယ်ချင်းကိုလေ....
ဒါပေမဲ့....ဟိုးအရင် သိတတ်စကတည်းက
သဘောကျမိခဲ့တာ ဒီမမ တယောက်တည်းပဲလေ။
သူငယ်ချင်းလိုရော အမေလို အမလို အဒေါ်လို ရင်းနှီးခဲ့တဲ့ ဆက်ဆံရေးတခုဟာ....
အခုတော့ အဲ့ဒီလိုတွေမဟုတ်တော့ပဲ
အရောင်ပြောင်းနေခဲ့တာကြာပေါ့။

ချန်းကိုဘက်က တိတ်တိတ်လေး အရောင်ပြောင်းနေခဲ့ပေမဲ့....မမကတော့ သိပုံမပေါ်။

တကယ်လို့များ သိသွားခဲ့ရင် မမက လက်ခံမဲ့လူမျိုးမဟုတ်ဘူး။

သူ့သူငယ်ချင်းရဲ့သမီးကို သူလက်ခံပါ့မလား။

အာာာ....ဒါတွေမသိချင်သေးဘူး။

အမြဲခိုးကြည့်ခဲ့ရတဲ့ အဲ့ဒီနှုတ်ခမ်းလေးက
ဘယ်လိုအရသာမျိုးရှိမလဲပဲသိချင်တယ်။

ချန်းကိုရဲ့ ခံစားချက်တွေကို
မမသာ သိသွားခဲ့ရင် ဘယ်လိုများနေလဲ။

လှောင်မလား ဟားမလား....
ရင်းနှီးတဲ့ဆက်ဆံရေးကိုဖြတ်တောက်ပြစ်မလား။

ဘယ်လိုပဲစဉ်းစားစဉ်းစား ချန်းကိုဘက်က
၁၀၀%ရှုံးနိမ့်မှာ အသေအချာပဲ။

ရင်းနှီးတဲ့ဆက်ဆံရေးလဲ ပျက်သွားမယ်။

မမကိုလဲ တွေ့ချင်သလိုတွေ့လိုရမှာမဟုတ်တော့ဘူး။

ဒီအတိုင်းလေးပဲကောင်းပါတယ်။

ဒါပေမဲ့ ဒီနေ့လို မမ မူးနေတဲ့အချိန်က တကယ့်ရှားပါးဖြစ်စဉ်။

မမက မေတို့ နဲ့ Beer တွေဘာတွေသောက်လဲ
သူ့ limit သူသိတယ်။

ဘယ်တုန်းကမှ အသိစိတ်ပျောက်အောင်သောက်ဘူးတာမဟုတ်ဘူး။

Honey နဲ့ MommyWhere stories live. Discover now