Unicodeချန်ရှို့တစ်ယောက် လက်တော့ပ်က ဗီဒီယိုကို ကြည့်ပြီးသွားတဲ့အချိန်မှာတော့ သူ့မျက်နှာတစ်ခုလုံးဟာ နီရဲပြီး ပူထူနေတော့တယ်
လက်တော့ပ်ကို ပိတ်ကာ စောင်ထဲကိုဝင်ပြီး ခေါင်းထိခြုံလိုက်ပြီး မိနစ်အနည်းငယ်လောက် ထိုအတိုင်းငြိမ်နေတော့တယ်
ထို့နောက် စောင်ထဲကထွက်ပြီး ရေချိုးခန်းကို ပြန်ဝင်ကာ ပူနေတဲ့ မျက်နှာကို ရေအေးနဲ့ဆေးကြောလိုက်တယ်
အနည်းငယ် နေလို့အဆင်ပြေသွားတော့မှ ထွက်လာပြီး စောင်ထဲကို ဝင်ကာ ပြန်အိပ်လိုက်တယ်
နာရီဝက်လောက်နေတော့ သူ့ဖုန်းဟာ မြည်လာတော့ ခေါ်ဆိုသူကို ကြည့်လိုက်မိတယ် လျိုယန်ရင်း ဖြစ်နေတယ်
'' ဟယ်လို မမ ''
📲 အင်း မောင်လေး ဒီနေ့ အားလား 📲
'' အားတယ်လေ ဘာလို့လဲ ''
📲 အာ...မမဆီကို လာလည်ပါလား တစ်ယောက်တည်းဆိုတော့ မမပျင်းနေလို့ 📲
'' အော်...ဟုတ် ခနနေ ကျနော်လာခဲ့မယ် ''
📲 အင်း အင်း 📲
ထို့နောက် ချန်ရှို့လည်း စောင်ထဲမှ ထွက်ကာ ဟော်ရန်လွဲ့ကို အကြောင်းကြားပြီး လျိုယန်ရင်းဆီကို ထွက်လာတော့တယ်
လျိုယန်ရင်းလည်း အရင်နေ့ကလို ချန်ရှို့ကိုလိမ်ကာ ဆေးကိုရှူခိုင်းပြန်တယ်
နောက်တော့ ချန်ရှို့အိမ်ရောက်တော့ တခြားနေတွေထက် ကုတင်ပေါ်ကိစ္စကို ပိုပြီးစိတ်အားထက်သန်နေတဲ့ ပုံကြောင့် ဟော်ရန်လွဲ့မှာလည်း အနည်းငယ်အံ့သြပေမယ့် အထူးတလည်မမေးတော့ပဲ နေလိုက်တယ်
ဒီလိုနဲ့ လျိုယန်ရင်းရဲ့ ချန်ရှို့ကို ဆေးသုံးခိုင်းခြင်းဟာ တစ်လပြည့်တော့မှာဖြစ်ပြီး ချန်ရှို့လည်း အတော်လေးစွဲလန်းနေပြီလို့ ပြောလို့ရသည်
ဒီအတော့အတွင်း ဟော်ရန်လွဲ့တစ်ယောက် ချန်ရှို့က တစ်နေ့တစ်ခြား ပိုထူးဆန်းလာတယ် ထင်တာကြောင့် ချန်ရှို့ကိစ္စကို အသေးစိတ်က စုံစမ်းတော့သည်
YOU ARE READING
Changing Female lead ( System)