အပိုင်း - ၅၀ { ဝန်းရံနေသော တပ်ဖွဲ့မှ ထွက်ပေါက်ဖွင့်ပေးရန် လိုသည် }

3.3K 788 77
                                    

အပိုင်း - ၅၀

{ ဝန်းရံနေသော တပ်ဖွဲ့မှ
ထွက်ပေါက်ဖွင့်ပေးရန် လိုသည် }

ဟယ့်လျန်ရိနှင့် ကျင်ချီးမှာ တစ်ယောက်ကိုတစ်ယောက် လျင်မြန်လှသောနှုန်းဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ နှစ်ယောက်စလုံးက သူတို့စိတ်ထဲရှိ အကြံကိုယ်စီကို အမြန်ပင် နားလည်သွားခဲ့ကြ၏။ ကျင်ချီးက ခြေလှမ်းတစ်လှမ်းဆုတ်လိုက်ပြီး မျက်မမြင်နားမကြားအဖြစ်သာ သရုပ်ဆောင်လိုက်ကာ ဘာမှဝင်မပါတော့။ ဟယ့်လျန်ရိကမူ ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ ထိုင်ချလိုက်ကာ သူ၏ရပ်တည်ချက်ကို ထင်ရှားစွာ ထုတ်ဖော်ပြသလိုက်သည်။

"ခမည်းတော်ဧကရာဇ်က ​ကြည်လင်တဲ့ကြေးမုံပြင်လို အသိဉာဏ်ပညာ ကြွယ်ဝပြည့်စုံလှပါတယ်။ ဒုတိယနောင်တော်ကြီးက ဘာကြောင့်များ ဒီလိုလုပ်ရပ်မျိုး လုပ်နိုင်တာပါလဲ၊ ဒီသားတော်ကတော့ဖြင့် တကယ် မယုံကြည်နိုင်ကြောင်းပါဘုရား"

ဤအခြေအနေမျိုးတွင် ထီးနန်းဆက်ခံမည့်လူအနေနှင့် ဟယ့်လျန်ရိလည်း ဘာမှမသိမမြင်သလိုသာ ဘာသိဘာသာနေလိုက်လျှင် အကောင်းဆုံးဖြစ်ပေမည်။ ဟယ့်လျန်ချီက ထိုမကောင်းမှုများအားလုံးကို တကယ်ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သူလည်း ကောင်းစွာသိနေခဲ့၏။ ယခုအချိန်တွင် ဟယ့်လျန်ချီဘက်မှ ကူပြောပေးလျှင် အင်မတန်မှ မိုက်မဲရူးသွပ်ရာကျသွားမည်ဖြစ်ပြီး ဆွေမျိုးသားချင်းအတွက် တရားဥပဒေအား သွေဖယ်ရာကျသွားပေမည်။ သို့သော် ကျန်ကျုံးဘက်ကို ကူညီလိုက်လျှင်မူ ပိုဆိုးသွားလိမ့်မည်။ သို့ဆိုလျှင် အိမ်ရှေ့စံက ဤအခွင့်ကောင်းကို အမိအရဆုပ်ကိုင်ကာ သူနှင့်သဘောထားကွဲလွဲသည့်လူအား ဖယ်ရှားလိုက်သည်၊ ဧကရာဇ်မဖြစ်မီအချိန်ကတည်းကပင် သူ၏ညီအစ်ကိုရင်းအား စွန့်ပစ်လိုက်သည်ဟု ပြောလာကြမည်ဖြစ်သည်။

ပလ္လင်ပေါ်ထိုင်နေသောသူမှာ ပညာရှိဘုရင်ဟူသော ဝေါဟာရနှင့် လွန်စွာမှ အလှမ်းဝေးလှသည့် တိုင်လုံးတစ်ခုသာဖြစ်​ေကြာင်း လူတိုင်း သိနေကြသည်သာ။

အရှင်ခုနစ် Where stories live. Discover now