💞💞💞💞💞

15 1 0
                                    

မတွေ့ဖြစ်တာကြာပီနော် အကို
အအေးကြိုက်ပါတယ်ဆိုတဲ့အကိုက
ဆောင်းရာသီမှာ နွေးနွေးထွေးထွေးမနေဘဲ
အလုပ်တွေလုပ်နေမလား

အခုချိန်ဆို ဘာတွေလုပ်နေမလဲ
နေ့ဘက်တွေမှာ‌ရော
ငယ် ဖျော်တိုက်ဖူးခဲ့တဲ့
Coffee တွေ ကို လွမ်းနေမလား

အလုပ်တွေကရော ပင်ပန်းလား အကို
နေရောကောင်းပါရဲ့လား
ငယ့် ကိုရော လွမ်းနေပါရဲ့လား
ဒါမှမဟုတ် ခဏခဏစိတ်ကောက်တတ်တဲ့ ငယ့်ကြောင့်
စိတ်ပင်ပန်းနေပီလား

Good night ပါ အကို
စောစောအိပ်တတ်တဲ့ အကို့ကြောင့်
အိပ်ယာဝင်နောက်ကျမှာကို
ငယ် စိတ်မပူရတော့ဘူးပေါ့...

အဓိက အနေနဲ့ ပြောချင်တဲ့ အကြောင်းအရာက

"လွမ်းတယ် အကို"

Tulip_kk

You've reached the end of published parts.

⏰ Last updated: Jul 19, 2022 ⏰

Add this story to your Library to get notified about new parts!

💌အကို့ကို သတိရတဲ့အခါ ရေးတဲ့စာ💌Where stories live. Discover now